Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့တိုက်ပွဲ စစ်တပ်လေကြောင်းတိုက်ခိုက်၍ ပြည်သူ ထိခိုက်သေဆုံးမှုရှိ

ပုလဲမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း လက်နက်ခဲယမ်းမလုံလောက်၍ဆိုကာ ပြန်လည်ဆုတ်ခွာပေးခဲ့သည်။

(ပုလဲမြို့နယ် အိုင်းမကျေးရွာတွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်တစ်လုံးအား ၂၀၂၄ နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကိုင်းပြည်သူ ဖေမကူကွန်ရက်)
(ပုလဲမြို့နယ် အိုင်းမကျေးရွာတွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်တစ်လုံးအား ၂၀၂၄ နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကိုင်းပြည်သူ ဖေမကူကွန်ရက်)

ဇေအောင်/People’s Spring

တိုက်ပွဲပြင်းထန်နေသော ပုလဲမြို့ပေါ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူထိခိုက်သေဆုံးမှုများရှိနေကြောင်း သတင်းရရှိသည်။

ယနေ့(နိုဝင်ဘာ ၁၁ ရက်) နံနက် ၄နာရီခန့်ကစတင်ပြီး ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို တော်လှန်ရေးတပ်ဖွဲ့အချို့က ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲကြောင့် ပုလဲမြို့ပေါ်ရှိ နေရာများနှင့် မြကုန်း၊ ချောင်းကန်၊ သာယာကုန်းအစရှိသည့် ကျေးရွာများအပါအဝင် မြို့အနီးဝန်းကျင်ရှိ ကျေးရွာ ခုနစ်ရွာခန့်မှ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ​ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“လက်နက်ကြီးသံ၊ လက်နက်ငယ်သံကြားတာက မနက်၄ နာရီလောက်စကြားကတည်းက ပြေးရတာ။”ဟု ပုလဲမြို့ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ကလည်း နံနက် ၈နာရီမှ နေ့လယ် ၁၂ နာရီကျော်အထိ ဂျက်ဖိုက်တာများဖြင့် ပေါင် ၂၀၀၊ ၃၀၀၊ ၅၀၀ စသည့်ဗုံးသီးများ ၅ ကြိမ်လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ လူသားစာနာတာဝန်ခံက ပြောသည်။

“လေကြောင်းဗုံးထိလို့ရော၊ လက်နက်ကြီးထိလို့ရော ပြည်သူကတော့ ခုနစ်ဦးလောက်သေတယ်လို့ သိရတယ်။ သုံးဦးအနည်းဆုံး ဒဏ်ရာရထားတယ်။”ဟု ၎င်းက ပြောသည်။

ပုလဲမြို့ပေါ်တိုက်ပွဲကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)အပါအဝင် တော်လှန်ရေးတပ်အချို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ သို့သော် တိုက်ပွဲနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

သို့သော် ယနေ့ နေ့လယ် ၁၂ နာရီ မိနစ် ၂၀ခန့်က လေကြောင်းမှ နောက်ဆုံးတစ်ကြိမ် လာရောက်ပစ်ခတ်ပြီးနောက် ညနေပိုင်းအထိ ပစ်ခတ်သံများ မကြားရတော့ကြောင်း ဒေသခံအချို့က ပြောသည်။

နိုဝင်ဘာ ၅ရက်က ပုလဲမြို့နယ် အိုင်းမကျေးရွာတွင် ဒေသခံများကထိန်ပွဲကျင်းပနေစဉ် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီး သုံးဦးအပါအဝင် ဒေသခံလေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့သည်။

ပုလဲမြို့နယ်တွင် အထက်တန်းကျောင်းနှင့် ဆေးရုံ၊ အင်မထီးကျေးရွာတို့တွင် စစ်ကောင်စီအဓိက တပ်စွဲထားသည်။ပုလဲမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၀၀ကျော်ရှိသည့်အနက် ၉၀ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၇ရက်ကလည်း ပုလဲမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း လက်နက်ခဲယမ်းမလုံလောက်၍ဆိုကာ ပြန်လည်ဆုတ်ခွာပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။