Connect with us

Hi, what are you looking for?

သတင်း

စစ်တွေမြို့တွင် လူငယ်တစ်ဦးကို စစ်ကောင်စီ ပစ်သတ်

နိုဝင်ဘာ ၁၂ ရက် ည ၈နာရီခန့်က ဆတ်ရိုးကျတံတားပေါ်၌ ရှိနေသော လူငယ်များကို စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဟု မြို့ခံတစ်ဦးကပြောသည်။

(စစ်တွေမြို့မရဲစခန်းရှေ့တွင် တွေ့ရသော စစ်ကောင်စီလက်ပါးစေ ရဲများ။ ဓာတ်ပုံ - WN)
(စစ်တွေမြို့မရဲစခန်းရှေ့တွင် တွေ့ရသော စစ်ကောင်စီလက်ပါးစေ ရဲများ။ ဓာတ်ပုံ - WN)

မိထက်/People’s Spring

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်တွင် လူငယ်အုပ်စုအား စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အသက် (၂၀)ခန့်အရွယ် လူငယ်တစ်ဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာ ၁၂ ရက် ည ၈နာရီခန့်က ဆတ်ရိုးကျတံတားပေါ်၌ ရှိနေသော လူငယ်များကို စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဟု မြို့ခံတစ်ဦးကပြောသည်။

” စစ်တပ်က ကားနဲ့ ကင်းပတ်လာပြီး လူအုပ်ကိုတွေ့တော့ မမေးမစမ်းဘဲ စပစ်တာ။ ဒဏ်ရာရသူတွေလည်း ရှိတယ်။ ကလေးတစ်ယောက်ကတော့ ကျည်ထိပြီး သေဆုံးသွားတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူလူငယ်မှာ ဆတ်ရိုးကျရပ်ကွက် အကွက်(၂)မှ ဟိန္ဒူဘာသာဝင် လူငယ်ဖြစ်သည်။

ပစ်ခတ်ပြီးနောက် စစ်ကောင်စီတ်က ဆတ်ရိုးကျရပ်ကွက်အတွင်း ‌ဝင်ရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။

“ပြဿနာထပ်ရှာမှာစိုးလို့ ဘာမှ ပြောမရတဲ့အနေအထားဗျ။ ညမထွက်ရအမိန့်က ၉နာရီအထိမို့ ကလေးတွေက တံတားပေါ်မှာ အေးဆေးနေကြတာ။ ဘယ်သူမှ ဘာမှမပြောရဲသလို အရပ်ဘက်အဖွဲ့တွေလည်း နှုတ်ဆိတ်နေတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် အာရက္ခတပ်တော် (AA)က စစ်တွေမြို့ကို လာရောက်တိုက်ခိုက်မည်ကိုစိုးရိမ်နေပြီး မြို့ကို လုံခြုံရေးတိုးထားသည်။

စစ်တွေမြို့ ကမ်းနားတလျှောက်ကို ခြံစည်းရိုးခတ်ထားသလို မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများကို စစ်​ကောင်စီက အတင်းအကျပ်ဖယ်ရှားပြီး ရွာများအတွင်း တပ်စွဲထားသည်။

ပြီးခဲ့သည့် သြဂုတ် ၂၉ရက်က စစ်​​တွေမြို့ ​ အမြင့်ကျွန်းနှင့် ဝါဘို​ကျေးရွာကြားတွင် စစ်​ကောင်စီ စစ်ကြောင်းကို AAက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

Facebook