Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားမှာ မြောက်ကိုရီးယားတပ်တွေ ရောက်နေတဲ့ကိစ္စ အားကောင်းကောင်းနဲ့ တုံ့ပြန်မယ်လို့ ဘလင်ကန်ပြော

ရုရှားမှာ မြောက်ကိုရီးယားတပ်တွေ ဖြန့်ကျက်ထားတဲ့ ကိစ္စကို ခိုင်မာအားကောင်းတဲ့ နည်းလမ်းမျိုးနဲ့ တုံ့ပြန်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားခဲ့ပါတယ်။

ရုရှားမှာ မြောက်ကိုရီးယားတပ်တွေ ဖြန့်ကျက်ထားတဲ့ ကိစ္စကို ခိုင်မာအားကောင်းတဲ့ နည်းလမ်းမျိုးနဲ့ တုံ့ပြန်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့က ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ NATO စစ်မဟာမိတ် အဖွဲ့နဲ့ ဥရောပ သမဂ္ဂ (EU) အရာရှိတွေကို လိပ်မူတဲ့ မိန့်ခွန်းမှာ ဘလင်ကန်က အမေရိကန် အစိုးရ အပြောင်းအလဲ မတိုင်ခင် ယူကရိန်းအတွက် စစ်ရေး အထောက်အပံ့တွေ ဝိုင်းဝန်းပံ့ပိုးပေးကြဖို့ မဟာမိတ် နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

အမေရိကန် ရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့် အနိုင်ရခဲ့တဲ့နောက် ရုရှားနဲ့ စစ်ပွဲမှာ ယူကရိန်းဖက်ကနေ အမေရိကန်က ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်ရေးဟာ မရေမရာ အခြေအနေ ဖြစ်လာပါတယ်။

ဒီအတောအတွင်း မြောက်ကိုရီးယားကလည်း မဟာမိတ် ရုရှားကို ကူညီတိုက်ခိုက်ဖို့ စစ်တပ်တွေ စေလွှတ်ခဲ့ပြီး ရုရှားပိုင် ကာ့စ်ခ်ဒေသမှာ အဲဒီတပ်တွေကို စတင် ဖြန့်ကျက်နေပြီလို့ ယူကရိန်းနဲ့ အမေရိကန် စစ်ထောက်လှမ်းရေးတွေက အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘလင်ကန်က ရုရှားဟာ မြောက်ကိုရီးယားကို စစ်ထဲ ဆွဲသွင်းခဲ့ပြီး မြောက်ကိုရီးယားကလည်း လက်ခံခဲ့ကြောင်း၊ စစ်ပွဲတစ်ခုမှာ တောင်းဆိုမှုတွေက အရမ်းကြီးမားတာကို မြောက်ကိုရီးယားကိုယ်တိုင် နားလည်လာမှာ ဖြစ်သလို အဲဒီအတွက်လည်း ခိုင်မာတဲ့ တုံ့ပြန်မှုတွေ အမေရိကန်က လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ထောင်ချီပြီး ရုရှားမှာ ဖြန့်ကျက်ထားတယ် ဆိုတာကို အတည်ပြုခဲ့ပါတယ်။ ဒီကိစ္စဟာ အင်မတန် အန္တရာယ်ကြီးပြီး စိုးရိမ်ရတဲ့ အလားအလာမျိုးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

သူက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ သူ့ရဲ့ ရာထူးသက်တမ်း အတောအတွင်း ယူကရိန်းကို ကူညီဖို့ ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးနဲ့ ဆက်လက် ကြိုးပမ်းနေမယ်လို့ ကတိပြုခဲ့ပြီး တခြား အနောက်ဥရောပ မဟာမိတ်တွေ အနေနဲ့လည်း ယူကရိန်းကို အစွမ်းရှိသမျှ ပုံအော ကူညီပေးကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

ကိုးကား: Euro News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။