Connect with us

Hi, what are you looking for?

သတင်း

PDFနှင့် ပကဖ ခြောက်ဦးကို အရေးယူထားဟု NUGကာကွယ်ရေး အသိပေး

ပြီးခဲ့သည့်အောက်တိုဘာအတွင်း PDFနှင့် ပကဖ စုစုပေါင်း ခြောက်ဦးကို ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်သည်။

PDFနှင့် ပကဖ ခြောက်ဦးကို အရေးယူထားဟု NUGကာကွယ်ရေး အသိပေး
PDFနှင့် ပကဖ ခြောက်ဦးကို အရေးယူထားဟု NUGကာကွယ်ရေး အသိပေး

-People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စုစုပေါင်း ခြောက်ဦးကို အရေးယူထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။

ပြီးခဲ့သည့်အောက်တိုဘာအတွင်း PDFနှင့် ပကဖ စုစုပေါင်း ခြောက်ဦးကို ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်သည်။

အကျဉ်းစစ်တရားရုံးဖြင့် စစ်ဆေး၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား တစ်ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စစ်ခုံရုံးဖြင့် စစ်‌ဆေး၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား တစ်ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် စုံစမ်းစစ်ဆေး၍ ပေါ်ပေါက်ချက်အရ စီမံခန့်ခွဲမှု နည်းလမ်းဖြင့် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် လေးဦး အနက်မှ တစ်ဦးကို ရာထူးမှထုတ်ပယ်ခြင်း၊ နှစ်ဦးကို တာဝန်မှ (၆)လ ယာယီရပ်ဆိုင်းခြင်း၊ တစ်ဦးကို စာဖြင့် သတိပေးအရေးယူခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော်တရပ် ဖြစ်လာစေရန် ရည်ရွယ် တည်ဆောက်လျက်ရှိပြီး၊ လိုအပ်သည့် ထိန်းကြောင်းမှုများကို အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကာ မျှတသည့် တရားစီရင်မှုများ (fair trial)၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း ထပ်မံ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပ.က.ဖ)လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်တဦးက ဒေသခံတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှုအတွက်ကျူးလွန်ခံရသူ မိသားစုထံ လှုပ်ရှားတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အုန်း

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။