Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့နယ် မြင်းဆည်ရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်

တိုက်ခိုက်မှုကြောင့် မြင်းဆည်ကျေးရွာရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း ဒေသတွင်းစစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

(လေကြောင်းတိုက်ခိုက်ခံရသည့်ဘုန်းကြီးကျောင်းအား တွေ့ရစဥ်။ဓာတ်ပုံ - SYP)
(လေကြောင်းတိုက်ခိုက်ခံရသည့်ဘုန်းကြီးကျောင်းအား တွေ့ရစဥ်။ဓာတ်ပုံ - SYP)

ဇေအောင်/People’s Spring

စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ရာ စာသင်ကျောင်း၊ဘုန်းကြီးကျောင်းနှင့် နေအိမ်များပျက်စီးကြောင်း ဒေသခံများက ပြောသည်။

ယနေ့(နိုဝင်ဘာ ၂၀ရက်)နေ့လည် ၁နာရီ မိနစ် ၄၀ ခန့်က မြင်းဆည်ကျေးရွာကို ဂျက်ဖိုက်တာတစ်စီးဖြင့် ပေါင် ၁၀၀ဗုံးသီးများ၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းစစ်ရှောင်ကူညီနေသူများက ပြောသည်။

တိုက်ခိုက်မှုကြောင့် မြင်းဆည်ကျေးရွာရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း ဒေသတွင်းစစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“မြင်းဆည် စာသင်ကျောင်း၊ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်အချို့ ပစ်ခတ်ခံရပြီး ပျက်စီးမှုရှိပါတယ်။နွား ၃ ကောင်ထိတယ်။ လူတော့မထိဘူးလို့ သိရပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

ပျက်စီးသွားသည့် နေအိမ်အရေအတွ​က်ကိုမူ မသိရသေးပေ။

နိုဝင်ဘာ ၁၇ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ လက်ပါယ်တောရွာကို စစ်တ​ပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးတစ်ဦးအပါအဝင် ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်၂လုံး ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။