Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးထိမှန်၍ ပြည်သူ ၄ဦး ဒဏ်ရာရ

မူးမြို့နယ်အတွင်း စစ်ကောင်စီက ပြည်သူများကို ပစ်မှတ်ထား၍ လက်နက်ကြီးပစ်ခတ်ခဲ့ရာ နိုဝင်ဘာ ၂၀ရက် တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ခဲ့ခြင်းဖြစ်သည်။

မုန်းမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးထိမှန်၍ ပြည်သူ ၄ဦး ဒဏ်ရာရ
မုန်းမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးထိမှန်၍ ပြည်သူ ၄ဦး ဒဏ်ရာရ

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူ ၄ဦး ဒဏ်ရာရခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

မူးမြို့နယ်အတွင်း စစ်ကောင်စီက ပြည်သူများကို ပစ်မှတ်ထား၍ လက်နက်ကြီးပစ်ခတ်ခဲ့ရာ နိုဝင်ဘာ ၂၀ရက် တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ခဲ့ခြင်းဖြစ်သည်။

ကျောက်ကြီးမြို့နယ် နတ်သံကွင်းအခြေစိုက် စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၀ရက် နံနက်တွင် လက်နက်ကြီးများဖြင့် ဒေသတွင်းကျေးရွာများသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနောက်ဝက်တူးရွာတွင် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး (၄၀)ကျော်နှင့် (၅၀)ကျော်အရွယ် အမျိုးသမီး ၂ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဝက်တူးကျေးရွာသည် ကျောက်ကြီးမြို့နယ်ရှိကျေးရွာဖြစ်သော်လည်း KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မုန်းမြို့နယ်၌ ပါဝင်သည်ဟု သတ်မှတ်ထားသည်။

ထို့ပြင် ကွင်းချောင်း၀အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးကြောင့် ဟော်ခို့ဂေါ်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကျေးရွာသို့ စစ်ရှောင်လာသည့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

မုန်းမြို့နယ်အပါအဝင် KNU ညောင်လေးပင်ခရိုင်အတွင်း ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီး လေကြောင်း၊ ဒရုန်း ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။