Connect with us

Hi, what are you looking for?

သတင်း

မြေပြန့်ဒေသလွတ်မြောက်ရေးတိုက်ပွဲအတွက် မန္တလေး PDFက ရဲဘော်သစ်များ ဖိတ်ခေါ်

ရှေ့ဆက်ဖော်ဆောင်မည့် မြေပြန့်ဒေသလွတ်မြောက်ရေးတိုက်ပွဲအတွက် PDF စစ်သည်၊စစ်မေများအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဖိတ်ခေါ်လိုက်သည်။

(မန္တလေး PDF၏ ရဲဘော်များအား သင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ - MDY PDF)
(မန္တလေး PDF၏ ရဲဘော်များအား သင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ - MDY PDF)

ဇေအောင်၊ဟန်နွေ/People’s Spring

တိုင်းရင်းသားဒေသကိုအားပြုပြီး မြေပြန့်ကို ထိုးဖောက်ဝင်ရောက်လာခဲ့သည့် မန္တလေး PDFသည် လက်ရှိချိန်တွင် တောင်စဉ်တောင်တန်းမှတဆင့် ဧရာဝတီမြစ်ကမ်းနံဘေးထိ ချီတက်ရောက်ရှိနေပြီဟု မန္တလေး PDFက အသိပေးသည်။

ထို့ကြောင့် ရှေ့ဆက်ဖော်ဆောင်မည့် မြေပြန့်ဒေသ လွတ်မြောက်ရေးအတွက် PDF စစ်သည်၊ စစ်မေများ လိုအပ်နေ၍ ဆက်သွယ်ချိတ်ဆက်နိုင်ကြောင်း မန္တလေး PDFက ယနေ့ (နိုဝင်ဘာ ၂၂ ရက်)တွင် ဖိတ်ခေါ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် “စုဆောင်း ၊ လေ့ကျင့် ၊ စုဖွဲ့ ၊ တိုက်ပွဲဝင်‘’ ဆိုသည့် လုပ်ငန်းစဉ် အဆင့်တိုင်းကို သက်ဆိုင်ရာ ဌာနများအလိုက်အကောင်အထည်ဖော်ပြီး တိုက်ပွဲပေါင်း ကြီးငယ်များကို အနိုင်တိုက်ရုံတင်မက ပြည်သူ့လွတ်မြောက်နယ်မြေများ ဖော်ဆောင်ပေးခဲ့ကြောင်း မန္တလေးPDF၏ တပ်သားသစ်ဖိတ်ခေါ်သည့် ကြေညာချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မန္တလေး PDFသို့ ဆက်သွယ်လိုပါက @mdypdfrecruitကို ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။ ရဲဘော်သစ်များဖိတ်ခေါ်ထားမှုနှင့်ပတ်သက်ပြီး မန္တလေး PDFထံဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

မန္တလေး PDFသည် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၏ ကွပ်ကဲမှုအောက်တွင်တည်ရှိပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တိုက်ပွဲဝင်နေသော အဖွဲ့အစည်းဖြစ်သည်ဟု ဆိုသည်။

မန္တလေး PDFသည် “၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) “နှင့် “ရှမ်းမန်း စစ်ဆင်ရေး” တို့တွင် ဟန်ချက်ညီညီတိုက်ပွဲဝင်နေသည်။

မန္တလေး PDFသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်ပူးပေါင်း၍ ဇွန်လအတွင်းက နောင်ချိုမြို့အား လည်းကောင်း၊ ဇူလိုင် ၁၇ ရက်က စဥ့်ကူးမြို့အပါအဝင် စဥ့်ကူးမြို့နယ်အတွင်းရှိ စခန်းများအား လည်းကောင်း၊ ဇူလိုင် ၂၄ ရက်က မိုးကုတ်မြို့အားလည်းကောင်း၊ ဇူလိုင် ၃၁ ရက်တွင် မိုးမိတ်မြို့အားလည်းကောင်း သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အပြင် သပိတ်ကျင်းမြို့နယ်ရှိ တပ်စခန်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ ဇူလိုင် ၃၁ ရက်အထိ မတ္တရာမြို့နယ်အတွင်းရှိ တပ်စခန်း ၃၅ ခုကို သိမ်းပိုက်ထားပြီး မန္တလေးမြို့နယ်နမိတ် ပုသိမ်ကြီးမြို့နယ်အတွင်းထိ စစ်ကောင်စီစခန်းများကိုပါ ထိုးဖောက်တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။