Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူမြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက်

တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသွားသော စစ်ကောင်စီတပ်သားသုံးဦးအား ဆိပ်ဖြူဆေးရုံသို့ ပို့ဆောင်၍ဆေးကုသထားရာ ယမန်နေ့ (နိုဝင်ဘာ ၂၂ ရက်)နေ့လယ်ပိုင်းတွင် နှစ်ဦးထပ်မံသေဆုံးသွားကြောင်း စုံစမ်းသိရသည်။

(မကွေးအတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်။ ပုံအဟောင်းအသုံးပြုထားပါသည်။)
(မကွေးအတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်။ ပုံအဟောင်းအသုံးပြုထားပါသည်။)

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီ​၏ စစ်ဆေးရေးဂိတ်တစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးကြောင်း မကွေးတိုင်း(ပကဖ) ၊ ရွေ့လျားစစ်ကြောင်း Yenanthar Column မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၂၂ ရက်)နံနက်အစောပိုင်း ၁၂ နာရီခွဲခန့်က ဆိပ်ဖြူမြို့အနီး ဆော- ဆိပ်ဖြူလမ်းပိုင်းရှိ စစ်ကောင်စီ​၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ကြပ်တစ်ဦးနှင့် ရဲဘော်တစ်ဦးနေရာတင်သေဆုံး၍ သုံးဦးဒဏ်ရာရသွားကြောင်း ၎င်းက ပြောသည်။

ထို့နောက် ပစ်ခတ်တိုက်ခိုက်နေစဥ်အတွင်း ဆိပ်ဖြူမြို့ဘက်မှ စစ်ကူကား(၃)စီး ရောက်လာသောကြောင့် ​ရန်သူ့လက်နက်များကို ကောက်ယူနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း Yenanthar Column က အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသွားသော စစ်ကောင်စီတပ်သားသုံးဦးအား ဆိပ်ဖြူဆေးရုံသို့ ပို့ဆောင်၍ဆေးကုသထားရာ ယမန်နေ့ (နိုဝင်ဘာ ၂၂ ရက်)နေ့လယ်ပိုင်းတွင် နှစ်ဦးထပ်မံသေဆုံးသွားကြောင်း စုံစမ်းသိရသည်။

“ဆေးရုံမှာ နှစ်ယောက်ထပ်သေတယ်ဗျ။ ပေါင်မှန်တဲ့လူနဲ့ ရင်ဘတ်မှန်တဲ့လူက ဒီနေ့ ဆိပ်ဖြူဆေးရုံမှာ ထပ်သေတာဗျ”ဟု မကွေးတိုင်း (ပကဖ)၊ ရွေ့လျားစစ်ကြောင်း Yenanthar Column မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီစစ်ဆေးရေးဂိတ်အား တိုက်ခိုက်မှုကို မကွေးတိုင်း(ပကဖ)Yenanthar Column တွင် ပခုက္ကူခရိုင်အမှတ်-၁၉တပ်ရင်း၊ ဆိပ်ဖြူဘာမထီ တပ်ခွဲ(၁)၊ တပ်ခွဲ(၂)နှင့် ဆိပ်ဖြူမြို့နယ် အ နောက်ပိုင်းဇုန် (၁)ပကဖ၊ မကွေး တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။