Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူမြို့နယ် ကန်စွန်းမရဲစခန်းကို PDFများ တိုက်ခိုက်

မကွေးတိုင်း ဆော-ဆိပ်ဖြူလမ်းမပေါ်ရှိ အဆိုပါရဲစခန်းကို မင်းဘူးခရိုင်တပ်ရင်း(၇)နှင့် အခြားဒေသခံကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(တိုက်ခိုက်ရာတွင် ပါဝင်သော ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(တိုက်ခိုက်ရာတွင် ပါဝင်သော ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကန်စွန်းမနယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ဒီဇင်ဘာ ၄ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၄ ရက် နံနက်၆နာရီခန့်က စတင်တိုက်ခိုက်ခဲ့ပြီး ၁နာရီခွဲခန့် တိုက်ပွဲကြာမြင့်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ကျဆုံးမှုများနှင့် လက်နက်ခဲယမ်းရရှိမှုများလည်းရှိသည်ဟု ဒေသခံများက ဆိုသည်။

“ရဲစခန်းအထိ PDFတွေဝင်နိုင်ပြီး စခန်းထဲက အဆောက်အဦးတချို့ကို မီးရှို့နေချိန်မှာ စစ်ကူတွေထပ်ရောက်လာလို့ ပြန်ဆုတ်လာခဲ့ရတယ်”ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအသေးစိတ်ကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

တိုက်ခိုက်မှုကြောင့် မုံရွာ-ပုသိမ်လမ်းပိုင်းနှင့် ဆော-ဆိပ်ဖြူလမ်းပိုင်းလည်း ယာယီပိတ်ထားရသည်ဟု ဒေသခံများက ပြောသည်။

ကန်စွန်းမကျေးရွာသည် စစ်ကောင်စီတပ်ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံနှစ်ခုကြားတွင်ရှိပြီး စစ်ကူများအလွယ်တကူလာရောက်နိုင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မကွေးတိုင်း ဆော-ဆိပ်ဖြူလမ်းမပေါ်ရှိ အဆိုပါရဲစခန်းကို မင်းဘူးခရိုင်တပ်ရင်း(၇)နှင့် အခြားဒေသခံကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် ပူးပေါင်းပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုတိုက်ခိုက်နေသည့်ရှမ်းနီတပ်(SNA)မှ ရဲဘော်တစ်ဦးသည်ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF) ကသာခရိုင်အမှတ်(၄)တပ်ရင်းထံလက်နက်ချအလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသည်။

သတင်း

၁၀၂၇ စစ်ဆင်​ရေး နှင့် ရှမ်းမန်းစစ်ဆင်​ရေးပြန်PDF များပူး​ပေါင်းစစ်ဆင်​ရေးဖြစ်

သတင်း

ထန်းတပင်မြို့စိုးတံတားသို့ အင်အားဖြည့်လာသည့် စစ်​ကြောင်းကိုလည်း PDFများတိုက်ခိုက်

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်သားသုံးဦးသေပြီးတစ်ဦးအရှင်ဖမ်းမိကာ လူသားဒိုင်းပြုလုပ်ခံရသည့် ပြည်သူ ၇ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကလူထုနွေဦးသို့ ပြောသည်။