Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူမြို့နယ် ကန်စွန်းမရဲစခန်းကို PDFများ တိုက်ခိုက်

မကွေးတိုင်း ဆော-ဆိပ်ဖြူလမ်းမပေါ်ရှိ အဆိုပါရဲစခန်းကို မင်းဘူးခရိုင်တပ်ရင်း(၇)နှင့် အခြားဒေသခံကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(တိုက်ခိုက်ရာတွင် ပါဝင်သော ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(တိုက်ခိုက်ရာတွင် ပါဝင်သော ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကန်စွန်းမနယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ဒီဇင်ဘာ ၄ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၄ ရက် နံနက်၆နာရီခန့်က စတင်တိုက်ခိုက်ခဲ့ပြီး ၁နာရီခွဲခန့် တိုက်ပွဲကြာမြင့်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ကျဆုံးမှုများနှင့် လက်နက်ခဲယမ်းရရှိမှုများလည်းရှိသည်ဟု ဒေသခံများက ဆိုသည်။

“ရဲစခန်းအထိ PDFတွေဝင်နိုင်ပြီး စခန်းထဲက အဆောက်အဦးတချို့ကို မီးရှို့နေချိန်မှာ စစ်ကူတွေထပ်ရောက်လာလို့ ပြန်ဆုတ်လာခဲ့ရတယ်”ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအသေးစိတ်ကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

တိုက်ခိုက်မှုကြောင့် မုံရွာ-ပုသိမ်လမ်းပိုင်းနှင့် ဆော-ဆိပ်ဖြူလမ်းပိုင်းလည်း ယာယီပိတ်ထားရသည်ဟု ဒေသခံများက ပြောသည်။

ကန်စွန်းမကျေးရွာသည် စစ်ကောင်စီတပ်ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံနှစ်ခုကြားတွင်ရှိပြီး စစ်ကူများအလွယ်တကူလာရောက်နိုင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မကွေးတိုင်း ဆော-ဆိပ်ဖြူလမ်းမပေါ်ရှိ အဆိုပါရဲစခန်းကို မင်းဘူးခရိုင်တပ်ရင်း(၇)နှင့် အခြားဒေသခံကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။