Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်မြို့ဆီ စစ်ကူတက်မယ့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ဖာပွန်မှာစစ်ကောင်စီတပ်စခန်းတွေကို KNU နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူတာ ၊ ဝန်းရံပိတ်ဆို့တာတွေ ပြုလုပ်ထားတာပါ ။

ဖာပွန်မြို့ဆီ စစ်ကူတက်မယ့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
ဖာပွန်မြို့ဆီ စစ်ကူတက်မယ့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ၊ ကတိုင်တိဒေသထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ (၅) ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ စစ်ကြောင်း ရှေ့မတိုးနိုင်ဘဲ ဖြစ်နေတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။

ဖာပွန်ခရိုင်၊ ကမမောင်းမြို့မှတဆင့် ကတိုင်တိကျေးရွာဆီ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ် ရဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ကတိုင်တိမရောက်ခင်မှာထိတွေ့တိုက်ပွဲဖြစ်တာလို့ဆိုပါတယ်။

“ကမမောင်းကနေပြီး စကစမှ ထုတ်နှုတ်အင်အားအချို့က ကတိုင်တိကို တက်လာတာရှိတယ်။ ဒါပေမဲ့ BGF ပါမပါတော့ မသိရဘူး”လို့ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကလည်း ဖာပွန်ဘက်ဆီ စစ်ကူပေးဖို့ စစ်ကောင်စီတပ်က ကမမောင်း ကနေ စစ်ကူစေလွှတ်ရာမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့သိရပါတယ်။

ဖာပွန်မှာစစ်ကောင်စီတပ်စခန်းတွေကို KNU နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူတာ ၊ ဝန်းရံပိတ်ဆို့တာတွေ ပြုလုပ်ထားတာပါ ။

ဖာပွန်မြို့ပေါ်ကို KNU က ထိန်းချုပ်ထားပြီး မြို့ပြင်မှာ ရှိတဲ့ စစ်ဗျုဟာကို လည်း ဝန်းရံပိတ်ဆို့ ဖြတ်တောက်ထားပါတယ်။

KNU နဲ့ ပူးပေါင်းတပ်ရဲ့ ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်မှုတွေကြောင့် မြေပြင်ကနေ စစ်ကူပို့ဖို့ခက်ခဲလာချိန်မှာ လေကြောင်းကနေ ရိက္ခာ နဲ့ ခဲယမ်း ချပေးတာတွေကို စစ်ကောင်စီက လုပ်ဆောင်လာတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အာဏာမသိမ်းခင်က ဖာပွန်မှာ စစ်ကောင်စီ တပ်စခန်း ၇၀ ကျော်ရှိရာကနေ စခန်းသိမ်းခံရတာ ၊ စွန့်ခွာသွားတာတွေကြောင့် လက်ရှိမှာ တပ်စခန်း ၁၀ ခုကျော်သာကျန်တော့တယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူရဲ့ပြောပြချက်အရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းနဲ့ ကံပြားလမ်းပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ချင်းတောင်ပိုင်း စစ်ကူမယ့် စစ်တပ်ယာဉ်တန်းတွေ လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်နေပြီလို့ လူထုနွေဦးက စုစမ်းသိရပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

မန္တလေးကနေ ဗန်းမော်မြို့ကိုသွားတဲ့ စစ်သ င်္ဘောတွေတိုက်ခိုက်ခံရမှုအတွင်း စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့အရာရှိနဲ့အခြားအဆင့်တွေ အများအပြားသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။