Connect with us

Hi, what are you looking for?

သတင်း

မင်းလှတွင် စစ်အုပ်စုက လူငယ်များပစ်မှတ်ထား မူးယစ်ဆေးရောင်းချနေ၍ ပကဖ သတိပေး

သတိပေးချက်အား မလိုက်နာပါက ၎င်းတို့ကို စစ်သား၊ ရဲများနှင့် တန်းတူမှတ်ယူ၍ ထိရောက်ပြင်းထန်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြနေသော မင်းလှဒေသခံများအား ၂၀၂၁ ဖေဖော်ဝါရီက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြနေသော မင်းလှဒေသခံများအား ၂၀၂၁ ဖေဖော်ဝါရီက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်ကောင်စီဝင်များက ပြည်သူလူထုထံမှ ငွေကြေးများကို ညှစ်ထုတ်ရန်နှင့် လူငယ်များအနာဂတ်ဖျက်ဆီးရန် မူးယစ်ဆေးဝါးများကို တွင်တွင်ကျယ်ကျယ်ရောင်းချလျက်ရှိကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့(နိုဝင် ဘာ ၂၆ ရက်)အသိပေးချက် ထုတ်ပြန် သည်။

လက်ရှိတွင် မင်းလှမြို့နယ်အတွင်း မူးယစ်ဆေးဝါးများအား စာသင်ကျောင်းများ၏ ရှေ့၌ ပေါ်ပေါ်တင်တင် ရောင်းချလျက်ရှိခြင်း၊ လူငယ်များအကြား မူးယစ်ဆေးဝါးများကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြခြင်းတို့ကို ရင်နင့်ဖွယ်ရာ တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်သူများမှ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သော်လည်း မူးယစ်ဆေးဝါးရောင်းချသူများတွင် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကျိုးစီးပွားများပါဝင် ပတ်သက်နေသဖြင့် တိုင်ကြားသူများသာ ခြိမ်းခြောက်ရန်ပြုခံနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ဒီဆေးချရင် ညဏ်ကောင်းတယ်ဆိုပြီး ကျောင်းသားတွေကိုရောင်းနေတာ”ဟု မင်းလှမြို့မှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။

ထို့ကြောင့် ပြည်သူများက စစ်ကောင်စီလက် အောက်ခံ ရဲစခန်းသို့ တိုင်ကြားစာပေးပို့ခဲ့သော်လည်း တိုင်ကြားသူသာ ပြန်လည်ခြိမ်းခြောက်ခံရသည့်အပြင် ဖမ်းဆီးခံရမှုအချို့ရှိခြင်းကြောင့် ငွေးပေးပြန်ထုတ်ရသည့်ဖြစ်စဥ်ပါ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းအပြင် ကျောင်းသားများနှင့် လူငယ်များအကြား မူးယစ်ဆေးဝါးများပြန့်နှံ့လျှက်ရှိရာ ခိုက်ရန်ဖြစ်ပွားခြင်း၊ ခိုးဆိုးလုယက်မှုများပေါများလာခြင်းနှင့် အုပ်စုဖွဲ့ရိုက်နှက်မှုများပါရှိလာနေကြောင်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် နှစ်လခန့်ကလည်း မင်းလှမြို့ ကန်ကြီးတန်းလမ်းရှိနေအိမ်တစ်အိမ်ကို ဓားပြတိုက်မှုဖြစ်ပွားခဲ့ရာ ကျူးလွန်သူများမှာ လူငယ်များဖြစ်ကြောင်း၊ အလားတူ ကျောင်းသားအချင်းချင်းခိုက်ရန်ဖြစ်စကားများကြရာ ဆရာ၊ ဆရာမများဝင်ထိန်းရသည့်ဖြစ်စဥ်များလည်း ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မူးယစ်ဆေးဝါးအန္တရာယ်က ကြာရင်ထိန်းမနိုင်သိမ်းမရ ဖြစ်လာမှာ။ ဓားပြတိုက်မှုတွေဖြစ်နေတာ မြို့ထဲမှာတင် အရင်က မကြားဖူးဘူး”ဟု မြို့ခံတစ်ဦးက မှတ်ချက်ပေးသည်။

ထို့ကြောင့် မင်းလှမြို့နယ်အတွင်း ကျောင်းသားလူငယ်များ၏ အနာဂတ်ပျက်စီးအောင် လုပ်ဆောင်နေသော မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူများအနေဖြင့် ထိုလုပ်ငန်းများကို ဆက်လက်မလုပ်ကိုင်ကြရန် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးသည်။

သတိပေးချက်အား မလိုက်နာပါက ၎င်းတို့ကို စစ်သား၊ ရဲများနှင့် တန်းတူမှတ်ယူ၍ ထိရောက်ပြင်းထန်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမငြိမ်မသက်ဖြစ်နေပြီး ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ် ရောက်ရှိလာကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)က ၂၀၂၃ ဒီဇင်ဘာတွင် ထုတ်ပြန်ထားသည်။

ယခင်က အာဖဂန်နစ္စတန်သည် ကမ္ဘာပေါ်တွင် ဘိန်းအများဆုံးထုတ်လုပ်သည့်နိုင်ငံအဖြစ် ရပ်တည်ပြီး မြန်မာက ဒုတိယနိုင်ငံအဖြစ် ရပ်တည်ရာ ယခုတွင် စစ်တပ်က အာဏာသိမ်အပြီးတွင်မြန်မာက အာဖဂန်နစ္စတန်ကိုကျော်ပြီး ဘိန်းအများဆုံးထုတ်လုပ်သည့်နိုင်ငံအဖြစ်ရောက်ရှိလာခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

ဆောင်းပါး

တစ်ချိန်က ကမ္ဘာ့မူးယစ်ဆေးဝါးမြေပုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် နိုင်ငံတကာကပြန်လည်အာရုံစိုက်စောင့်ကြည့်လာရတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။