Connect with us

Hi, what are you looking for?

သတင်း

ဗျူဟာမြောက်စစ်ဆင်ရေးအတွင်း ဟုမ္မလင်းမြို့ကို တော်လှန်ရေးတပ်များ ပိတ်ဆို့ထား

မြန်မာပြည်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံနှင့် နယ်နမိတ်ထိစပ်လျှက်ရှိသော ဟုမ္မလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဝန်းရံပိတ်ဆို့ထားကြောင်း သတင်းရရှိသည်။

(ဟုမ္မလင်းမြို့နယ်ရှိ အောင်သါယ်နယ်မြေရဲစခန်းအား တော်လှန်ရေးတပ်များသိမ်းအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ကာကွယ်ရေးဝန်ကြီးဌာန -MOD)
(ဟုမ္မလင်းမြို့နယ်ရှိ အောင်သါယ်နယ်မြေရဲစခန်းအား တော်လှန်ရေးတပ်များသိမ်းအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ကာကွယ်ရေးဝန်ကြီးဌာန -MOD)

အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ စစ်‌ကောင်စီနှင့် ရှမ်းနီတပ်(SNA)တပ်စွဲထားသော စခန်းများကို ကချင်လါတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူထားပြီး စစ်ကောင်စီသည် မြို့ပေါ်စခန်းများ၌သာ တပ်စွဲထားသည်ဟု စစ်ကိုင်းတိုင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

” ဟုမ္မလင်းရဲဲ့ ဘေးပတ်ချာလည်တွေကနေ ဝိုင်းပတ်ပြီး ပိတ်ဆို့ထားပါတယ်။ ကချင်ဘက်ကဆို ဆယ်ဆင်းဘက်ကနေ KIA နဲ့ PDFက ရှေ့ကို တိုးလာပါတယ်။ ဟုမ္မလလင်းရဲ့အခြေအနေက စစ်တပ်ကမြို့ထဲမှာပဲရှိတော့တယ်လို့ ပြောလို့ရတယ်”ဟု ဟုမ္မလလင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဟုမ္မလင်းမြို့ကို မြို့သိမ်းတိုက်ပွဲခေါင်းစဉ်ဖြင့် စစ်ရေးဖော်ဆောင်နေခြင်းမဟုတ်သေးသော်လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်မဟာမိတ်များသည် လပေါင်းများစွာအကြာ ဗျူဟာမြောက်တိုက်ခိုက်နေခြင်းဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

KIA နှင့်PDF ပူးပေါင်းတပ်သည် ပြီးခဲ့သည့် အောက်တိုဘာလကုန်ရက်က ဟုမ္မလင်းမြို့ တဘက်ကမ်း ဆယ်ဇင်းကျေးရွာမှ စစ်‌ကောင်စီနှင့် ရှမ်းနီတပ်ပူးပေါင်းစခန်းတစ်ခုကို သိမ်းယူခဲ့သည်။

နိုဝင်ဘာလဆန်းပိုင်းကလည်း စစ်‌ကောင်စီနှင့် ရှမ်းနီတပ် အင်အား ၂၀၀ ခန့်တစွဲထားသော ရှစ်မျက်နှာဘုရားကုန်းနှင့် ပန်ချယ်စခန်းကို သိမ်းယူခဲ့သည်။ ထို့အပြင် ဟုမ္မလင်းမြို့နယ် ရွှေတွင်းရွာနှင့် စိုင်းပန်ရွာအနီးမှ SNA စခန်းကို နိုဝင်ဘာ ၁၉ရက်တွင် သိမ်းယူခဲ့သည်။

ဟုမ္မလင်းမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ် ၂၀ရက်မှ ၂၄ရက်အတွင်း တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီးစစ်‌ကောင်စီတပ်မှ ၁၅ ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရပြီး ငါးဦးကို အရှင်ဖမ်းမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ထားသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလဆန်းကလည်း ဟုမ္မလင်းမြို့နယ်မှ ပျူစောထီးအားကောင်းရာ ကျေးရွာများဖြစ်‌သော ကျွန်းကုန်းရွာ ၊ သောင်သွတ်ရွာ ၊ အင်းကြင်းမော်ရွာ ၊ မနော်သာရွာတို့ကို တော်လှန်ရေးရေးတပ်ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်ခဲ့သည်။

အထက်ပါရွာလေးရွာမှ ပျူစောထီးအင်အား စုစုပေါင်း (၁၂၀) ခန့်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ လက်နက်ချ အလင်းဝင်ခဲ့သည်။ လက်နက်မျိုးစုံ (၁၃၀) လက်အပါအဝင် ခဲယမ်းမီးကျောက်မျိုးစုံ သိမ်းပိုက်ရရှိခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ခဲ့သည်။

ဟုမ္မလင်းမြို့နယ်အတွင်းပါဝင်သော ရွှေပြည်အေးမြို့ကိုလည်း တော်လှန်ရေးတပ်များက ၂၀၂၃ နိုဝင်ဘာ ၂၂ရက်တွင် မြို့ကို သိမ်းယူနိုင်ခဲ့သည်။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ရှစ်ဦး ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း NUGကာကွယ်‌ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားသည်။

ဟုမ္မလင်းမြို့နယ်နှင့် ဆက်စပ်‌နေသော တမူးခရိုင်မှမြို့သစ်မြို့နှင့် ခါမ်းပါတ်မြို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

ယခုရက်ပိုင်းတွင် စစ်ကောင်စီက ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ရွာမှ ဒေသခံများကို PDF ထောက်ပို့ဟုစွပ်စွဲကာ ဖမ်းဆီးမှုများရှိနေပြီး ဒေသခံများအနေဖြင့် စစ်ရေးသတိရှိနေကြရန် ဟုမ္မလင်းမြို့အခြေစိုက်၊ ခန္တီးခရိုင်အမှတ်(၃) တပ်ရင်းဖြစ်သည့် HPDF-124မှ တာဝန်ရှိသူတစ်ဦးက သတိပေးထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။