Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ်တွင် စစ်တပ်ကပစ်ခတ်၍ ပြည်သူ နှစ်ဦးကျည်ထိမှန်

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မုံရွာမြို့နယ်တောင်ပိုင်းရှိကျေးရွာများအား ဝင်ရောက်စီးနင်းပြီး ပြည်သူများအားဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

(မုံရွာမြို့နယ်တနေရာ၌ စစ်ကောင်စီတ​ပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(မုံရွာမြို့နယ်တနေရာ၌ စစ်ကောင်စီတ​ပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက ဝင်ရောက် ပစ်ခတ်၍ ပြည်သူနှစ်ဦး ကျည်ထိမှန်ထားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(နိုဝင်ဘာ ၂၇ ရက်) နံနက်ပိုင်းက မုံရွာ – မန္တလေးလမ်းပိုင်းရှိ ခင်မွန်ကျေးရွာအား စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။

ထို့နောက် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာရပ်သာရပ်ကွက်နေ ပြည်သူ တစ်ဦးနှင့် ဆူးလေကုန်းရပ်ကွက်မှ ပြည်သူ တစ်ဦးတို့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာကင်းထောက်များအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“အဖွဲ့ လေးဖွဲ့ခွဲပြီး ဝင်လာကြတာ။ ရမ်းပစ်နေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတ​ပ်၏ ပစ်ခတ်နေမှုကြောင့် မုံရွာ – မန္တလေးလမ်းပိုင်း၊ ခင်မွန်ကျောင်းကွေ့အနီး ယာဥ်တန်းများ ရပ်တန့်စောင့်ဆိုင်းရာမှ လမ်းကြောပိတ်ဆို့သွားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် မုံရွာ – မန္တလေးလမ်းပိုင်းရှိ စွမ်းရည်ထက်ဆီဆိုင်စခန်းမှ စစ်သားများသည် မအူနှင့် မြေနဲကျေးရွာကြားရောက်ရှိကာ ပြည်သူများကို မိုင်းရှာခိုင်းပြီး သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ခရီးသွားများက ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မုံရွာမြို့နယ်တောင်ပိုင်းရှိကျေးရွာများအား ဝင်ရောက်စီးနင်းပြီး ပြည်သူများအားဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...

အတွေးအမြင်

လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာကို ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ ခန့်ရှိကြောင်း တီးတိန်မြို့နယ်အခြေစိုက် PDF ဇိုလဲန်းတပ်ဖွဲ့ စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

သတင်း

နိုင်ငံတကာကိုသွားရောက်ချိန်တိုင်းမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ပြီး အာဏာရှင်စနစ်အဆုံးသတ်သည်အထိ ပါဝင်သွားမယ်လို့ တော်လှန်အနုပညာရှင် မေမြတ်နိုးက ကတိပေးလိုက်ပါတယ်။