Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ်တွင် ကင်းပုန်းဝပ်နေသောစစ်သားများ တိုက်ခိုက်ခံရပြီး နှစ်ဦးသေဟု PDFပြော

ယနေ့(နိုဝင်ဘာ ၂ဝ ရက်)ကလည်း စစ်ကောင်စီတပ်သားများက ချောင်းဦးနှင့် မုံရွာမြို့နယ်ကြား၌ ခရီးသည်တင်ကားများပေါ်မှ ပြည်သူများအား မိုင်းရှင်းခိုင်းနေကြောင်း သတင်းရရှိသည်။

(ချောင်းဦးမြို့၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် ကင်းစောင့်နေသောစစ်ကောင်စီတပ်သားတစ်ဦးအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(ချောင်းဦးမြို့၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် ကင်းစောင့်နေသောစစ်ကောင်စီတပ်သားတစ်ဦးအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် ကင်းပုန်းလာဝပ်သော စစ်ကောင်စီတပ်သားများအား တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း မုံရွာခရိုင် အမှတ် (၁၅) တပ်ရင်း၏စစ်ကြောင်းမှူး ဗိုလ်နောင်က ပြောသည်။

နိုဝင်ဘာ ၁၇ ရက် နံနက် ၈နာရီခန့်က ချောင်းဦးမြို့ပေါ်မှ စစ်ကောင်စီတပ်သားများ မြို့အရှေ့ဘက်သို့ ကင်းပုန်းလာဝပ်စဥ် မိုင်း လေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိကြောင်း မုံရွာခရိုင် အမှတ် (၁၅)တပ်ရင်း၏ စစ်ကြောင်းမှူး ဗိုလ်နောင်က ပြောသည်။

“ပုံမှန်က ကားတွေကို ဆက်ကြေးကောက်နေကျနေရာပေါ့။ အဲဒီအချိန်မှာ ကျွန်တော်တို့က ကင်းပုန်းဝပ်ပြီးစောင့်တယ်။ သူတို့အနေနဲ့ မသင်္ကာလို့ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်တာတွေရှိတော့ နောက်နည်းနည်းလေး မြင်သာတဲ့နေရာကနေ တိုးစောင့်တယ်။ ပြည်သူရှင်းတဲ့အချိန်လောက်မှာ ကျွန်တော်တို့ကခွဲလိုက်တာ။”ဟု ဗိုလ်နောင်က ပြောသည်။

Public Service Announcement

Public Service Announcement

နေ့လည်ပိုင်းတွင်လည်း ထပ်မံရောက်ရှိလာသော စစ်ကောင်စီတပ်သားများအား ထပ်မံပစ်ခတ်တိုက်ခိုက်ရာ ၁၅မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ပြီး ထိခိုက်မှုမသိရသေးကြောင်း မုံရွာခရိုင် အမှတ် (၁၅)တပ်ရင်းက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ တိုက်ခိုက်မှု နှစ်ကြိမ်တွင် ပထမအကြိမ်၌ မုံရွာခရိုင် အမှတ် (၁၅)တပ်ရင်းတပ်ခွဲ ၃ နှင့် မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်းတပ်ခွဲ ၄ (SEVEN PDF)တို့ကလည်းကောင်း၊ ဒုတိယအကြိမ်တွင် မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၃ (ဦးစီး-စစ်ကြောင်းမှူး)နှင့် မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း (တပ်ခွဲ၃၊တပ်ခွဲ၄)၊ရေနဂါးLDF (ချောင်းဦးမြို့နယ်)တို့ကလည်းကောင်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ယနေ့(နိုဝင်ဘာ ၂ဝ ရက်)ကလည်း စစ်ကောင်စီတပ်သားများက ချောင်းဦးနှင့် မုံရွာမြို့နယ်ကြား၌ ခရီးသည်တင်ကားများပေါ်မှ ပြည်သူများအား မိုင်းရှင်းခိုင်းနေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။