Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း ဒုံးကျည် တိုက်ခိုက်မှုကြောင့် ရုရှားရဲ့ နာမည်ကျော် လေကြောင်းကာကွယ်ရေးစနစ် ထိခိုက်ပျက်စီး

ယူကရိန်းရဲ့ ဒုံးကျည် တိုက်ခိုက်မှုကြောင့် ရုရှားရဲ့ နာမည်ကျော် လေကြောင်း ကာကွယ်ရေး စနစ်တစ်ခု ထိခိုက် ပျက်စီးခဲ့ကြောင်း သိရပါတယ်။

ယူကရိန်း ဒုံးကျည် တိုက်ခိုက်မှုကြောင့် ရုရှားရဲ့ နာမည်ကျော် လေကြောင်းကာကွယ်ရေးစနစ် ထိခိုက်ပျက်စီး
ယူကရိန်း ဒုံးကျည် တိုက်ခိုက်မှုကြောင့် ရုရှားရဲ့ နာမည်ကျော် လေကြောင်းကာကွယ်ရေးစနစ် ထိခိုက်ပျက်စီး

-People’s Spring

ကာ့စ်ခ်ဒေသထဲက စစ်စခန်း တစ်ခုနဲ့ S-400 အမျိုးအစား လေကြောင်းကာကွယ်ရေးစနစ်တို့ ထိခိုက်ပျက်စီးမှုကို ရုရှားကလည်း ရှားပါးအခြေအနေ တစ်ခုအဖြစ် အတည်ပြု ဝန်ခံခဲ့ပါတယ်။ ယူကရိန်းဟာ အဲဒီတိုက်ခိုက်မှုတွေကို အမေရိကန်က ထောက်ပံ့ပေးထားတဲ့ ATACMS ဒုံးကျည်တွေ အသုံးပြုပြီး နိုဝင်ဘာ ၂၅ ရက်နေ့က ပြုလုပ်ခဲ့တာပါ။

ကာ့စ်ခ်ဒေသမှာရှိတဲ့ ရုရှား စစ်ရေးပစ်မှတ်တွေကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းက ကြေညာခဲ့တဲ့နောက် အခုလို ဆုံးရှုံးမှုတွေ အကြောင်းကို ရုရှားက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီအတွက် လက်တုံ့ပြန်သွားမယ်လို့ပါ တစ်ပါတည်း ခြိမ်းခြောက်သွားခဲ့ပါတယ်။

ယူကရိန်း ဒုံးကျည် တိုက်ခိုက်မှုကြောင့် ရုရှားရဲ့ နာမည်ကျော် လေကြောင်းကာကွယ်ရေးစနစ် ထိခိုက်ပျက်စီး
ယူကရိန်း ဒုံးကျည် တိုက်ခိုက်မှုကြောင့် ရုရှားရဲ့ နာမည်ကျော် လေကြောင်းကာကွယ်ရေးစနစ် ထိခိုက်ပျက်စီး

ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေရဲ့ ခွင့်ပြုချက်အရ အဲဒီနိုင်ငံတွေက ထောက်ပံ့ပေးထားတဲ့ ဒုံးကျည်တွေကို ရုရှားပိုင်နက်ထဲမှာ ယူကရိန်းက ပထမဆုံးအကြိမ် အသုံးပြု တိုက်ခိုက်ခဲ့သလို ရုရှားကလည်း တာလတ်ပစ် ဟိုက်ပါဆောနစ် တိုက်ချင်းပစ် ဒုံးကျည် Oreshnikကို စစ်မြေပြင်မှာ ပထမဆုံး စမ်းသပ် အသုံးပြုပြီး ယူကရိန်းရဲ့ ဒီနီပရိုမြို့ကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ အခြေအနေတွေကို အကြောင်းပြုပြီး တင်းမာမှုတွေက ပိုမို မြင့်တက်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ယူကရိန်းရဲ့ ATACMS ဒုံးကျည် အသုံးပြု တိုက်ခိုက်မှုတွေဟာ ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို မဖြစ်စေခဲ့ဘူးလို့ ရုရှားက ထုတ်ပြန်ခဲ့ပေမယ့် နိုဝင်ဘာ ၂၅ ရက်နေ့ တိုက်ခိုက်မှုနှစ်ခုမှာတော့ ကာ့စ်ခ်ဒေသ အနောက်မြောက်ဖက်၊ လော့တာရက်ဗ်ကာ မြို့နားမှာ တည်ရှိတဲ့ လေကြောင်းကာကွယ်ရေး တပ်ရင်း၊ ပြီးတော့ ခါလီနို လေတပ်စခန်းတွေ အထိနာခဲ့ကြရတာပါ။

ရုရှားရဲ့ အဆိုအရ ပထမ တိုက်ခိုက်မှုမှာ လေကြောင်းကာကွယ်ရေး တပ်ရင်းဆီ ဦးတည်လာတဲ့ ATACMS ၅ စင်းထဲက ၃ စင်းကို ပစ်ချနိုင်ခဲ့ပေမယ့် ၂ စင်းကတော့ ပစ်မှတ်ဆီ ရောက်ရှိခဲ့ကြောင်း၊ S-400 လေကြောင်း ကာကွယ်ရေး စနစ်ရဲ့ ရေဒါစနစ် တစ်ခု အတော်ကြီး ပျက်စီးခဲ့သလို ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။ S-400ဟာ အမေရိကန်ရဲ့ နာမည်ကျော် Patriot လေကြောင်း ကာကွယ်ရေး စနစ်နဲ့ နှိုင်းယှဉ်ခံရလေ့ရှိတဲ့ ရုရှားလက်နက် စနစ်ဖြစ်ပြီး ဒုံးကျည်တွေ၊ ဒရုန်းတွေ၊ လေယာဉ်တွေကို ကြားဖြတ် ပစ်ချဖို့ တည်ဆောက်ထားတာပါ။

ဒါ့အပြင် ခါလီနို လေတပ်စခန်းကို ယူကရိန်း ပစ်ခတ်လိုက်တဲ့ ဒုံးကျည် ၈ စင်းမှာလည်း ၁ စင်းဟာ လေကြောင်း ကာကွယ်ရေး စနစ်တွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး ပစ်မှတ်ကို ထိမှန်ခဲ့တာကြောင့် ကြီးကြီးမားမား အပျက်အစီးတွေ ပေါ်ပေါက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ပြီးတော့ ဒီဖြစ်စဉ်တွေအတွက် ဘယ်အတိုင်းအတာထိ လက်တုံ့ပြန်မလဲ ဆိုတာကို စဉ်းစားဆုံးဖြတ်ပြီး ပြင်ဆင်ထားတယ်လို့လည်း ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။ ဒါ့အပြင် ယူကရိန်း ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေရဲ့ အပျက်အစီး အစိတ်အပိုင်းတချို့ ဓာတ်ပုံ မှတ်တမ်းတွေကိုပါ ထုတ်ပြန် ပြသခဲ့ပါတယ်။

ရုရှားက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ခြင်းနဲ့အတူ စတင်ခဲ့တဲ့ စစ်ပွဲဟာ ရက်ပေါင်း ၁၀၀၀ ကျော် ကြာမြင့်လာပြီ ဖြစ်သလို လက်ရှိ အခြေအနေမှာတော့ ယူကရိန်း အရှေ့ပိုင်း နယ်မြေတွေမှာ ရုရှားတပ်တွေက ရှေ့တိုးချီတက်လာနေပြီး နယ်မြေတွေကို တဖြည်းဖြည်းချင်း ချဲ့ထွင် သိမ်းယူနေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။