Connect with us

Hi, what are you looking for?

News

မကွေးတိုင်းရှိဒေသခံ PDF များက စစ်ကောင်စီတပ်ကိုပစ်မှတ်ထား၍ ဗုံးခွဲ ၊ ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြပါရန် မေတ္တာရပ်ခံထားသည်။

People's Spring
People's Spring

မကွေးတိုင်းအတွင်းရှိဒေသတွင်း PDFများက အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းရန် ကာကွယ်ရေး စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အနီးဗုံးခွဲတိုက်ခိုက်ခြင်း၊ ရဲစခန်းနှင့်ရဲကင်းများအား ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ PDFများက ပြောသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၄ နာရီခွဲ ခန့်က နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ် တောင်ညိုဒေသရှိ အမှတ် (၈) လေကြောင်းရန် ကာကွယ်ရေး စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်နှင့် အမှတ် (၈) လေကြောင်းရန်ကာကွယ်ရေး တပ်ရင်း ၃၀၃၀ လမ်းဆုံတို့တွင် ဖိုးစောင်တောင့် လူငယ်ပျောက်ကျားတပ်ဖွဲ့ (Nay Pyi Taw) နှင့်ပူးပေါင်းပြီး ဗုံး (၃) လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်သည်။

အလားတူ ယမန်နေ့ည ၉နာရီ ခွဲခန့်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ် လင်းကတော လမ်းဆုံဂိတ်ရှိ ရဲကင်းအား ရှော့တိုက်ဒုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ည ၁၀နာရီခွဲ ခန့်တွင် ဆားလင်းကြီး PDF နှင့် ပူးပေါင်းကာ ဆားလင်းကြီးရဲစခန်း အား ရှော့တိုက်ဒုံး ၃ လုံးဖြင့် တိုက်ခိုက်နိုင်ခဲ့ကြောင်းမြိုင် PDF က အသိပေးသည်။

Non CDM သမားများအနေဖြင့် အမြန်ဆုံး ပြည်သူ့ဘက်သို့ပူးပေါင်း၍ CDM လုပ်ရန် ဖောက်ခွဲခြင်းဖြင့် သတိပေးလိုက်ကြောင်း၊ သတိပေးမှုကို မလိုက်နာဘဲ အကြမ်းစစ်တပ်နှင့်ပူးပေါင်းနေပါက ၎င်းတို့၏ အသက် အိုးအိမ် စည်းစိမ်ဥစ္စာများကို လုံးဝ (လုံးဝ) တာဝန်ယူမည် မဟုတ်ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကပြောသည်။

Public Service Announcement

Public Service Announcement

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြပါရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။