Connect with us

Hi, what are you looking for?

News

SNLD ဖွဲ့စည်းတည်ထောင်ခြင်း နှစ်ပတ်လည်နေ့သို့ NUG ယာယီသမ္မတ သဝဏ်လွှာပို့

ပါတီနှစ်ပတ်လည်နေ့သို့ မည်သည့်အဖွဲ့၊ မည်သည့်ပုဂ္ဂိုလ်က သဝဏ်လွှာပို့ပို့ ကြိုဆိုရမည်ဖြစ်ကြောင်း SNLD ပါတီတာဝန်ရှိသူတစ်ဦးကပြောသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၏ အောက်တိုဘာ ၂၆ရက်တွင် ကျရောက်သည့် ပါတီထူထောင်ခြင်း (၃၃)နှစ် မြောက်နှစ်ပတ်လည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတဒူဝါလရှီးလက သဝဏ်လွှာပေးပို့ခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေးနှင့် ဒီမိုကရေစီစနစ် ထွန်းကားလာ ရေးအတွက်သာမက နှစ်ပေါင်း(၆၀)ကျော်ကြာ ပြည်တွင်းရေးပဋိပက္ခကို အဆုံးသတ်စေမည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ထွန်းကားလာရေးအတွက် တစိုက်မတ်မတ်ရပ်တည်ဆောင်ရွက်နေသည့် SNLD၏ နှစ်ပတ်လည်နေ့အား ယာယီသမ္မတမှ ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုသည်ဟု ဖော်ပြထားသည်။

ပါတီနှစ်ပတ်လည်နေ့သို့ မည်သည့်အဖွဲ့၊ မည်သည့်ပုဂ္ဂိုလ်က သဝဏ်လွှာပို့ပို့ ကြိုဆိုရမည်ဖြစ်ကြောင်း SNLD ပါတီတာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်အာဏာရှင်တိုက်ဖျက်ရေးနှင့်ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး ဆောင်ရွက်ရာတွင် ရည်မှန်းချက်ချင်းတူ၍ အမျိုးသားညီညွတ်ရေးအစိုးရနှင့် SNLD အကြား သင့်တော်သည့် အချိန်တွင် တွေ့ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

Public Service Announcement

Public Service Announcement

“ ခရီးတူတယ်။ သွားပုံသွားနည်းမတူတဲ့အခါကျတော့ တစ်ချိန်မဟုတ် တစ်ချိန် လမ်းမှာတွေ့မှာပဲဗျ”ဟု ဦးစိုင်းလိတ်က ပြောကြားသည်။

SNLDပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် တတိယမဲအများဆုံးအနိုင်ရရှိခဲ့သည့် နိုင်ငံရေးပါတီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။