Connect with us

Hi, what are you looking for?

News

SNLD ဖွဲ့စည်းတည်ထောင်ခြင်း နှစ်ပတ်လည်နေ့သို့ NUG ယာယီသမ္မတ သဝဏ်လွှာပို့

ပါတီနှစ်ပတ်လည်နေ့သို့ မည်သည့်အဖွဲ့၊ မည်သည့်ပုဂ္ဂိုလ်က သဝဏ်လွှာပို့ပို့ ကြိုဆိုရမည်ဖြစ်ကြောင်း SNLD ပါတီတာဝန်ရှိသူတစ်ဦးကပြောသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၏ အောက်တိုဘာ ၂၆ရက်တွင် ကျရောက်သည့် ပါတီထူထောင်ခြင်း (၃၃)နှစ် မြောက်နှစ်ပတ်လည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတဒူဝါလရှီးလက သဝဏ်လွှာပေးပို့ခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေးနှင့် ဒီမိုကရေစီစနစ် ထွန်းကားလာ ရေးအတွက်သာမက နှစ်ပေါင်း(၆၀)ကျော်ကြာ ပြည်တွင်းရေးပဋိပက္ခကို အဆုံးသတ်စေမည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ထွန်းကားလာရေးအတွက် တစိုက်မတ်မတ်ရပ်တည်ဆောင်ရွက်နေသည့် SNLD၏ နှစ်ပတ်လည်နေ့အား ယာယီသမ္မတမှ ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုသည်ဟု ဖော်ပြထားသည်။

ပါတီနှစ်ပတ်လည်နေ့သို့ မည်သည့်အဖွဲ့၊ မည်သည့်ပုဂ္ဂိုလ်က သဝဏ်လွှာပို့ပို့ ကြိုဆိုရမည်ဖြစ်ကြောင်း SNLD ပါတီတာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်အာဏာရှင်တိုက်ဖျက်ရေးနှင့်ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး ဆောင်ရွက်ရာတွင် ရည်မှန်းချက်ချင်းတူ၍ အမျိုးသားညီညွတ်ရေးအစိုးရနှင့် SNLD အကြား သင့်တော်သည့် အချိန်တွင် တွေ့ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

Public Service Announcement

Public Service Announcement

“ ခရီးတူတယ်။ သွားပုံသွားနည်းမတူတဲ့အခါကျတော့ တစ်ချိန်မဟုတ် တစ်ချိန် လမ်းမှာတွေ့မှာပဲဗျ”ဟု ဦးစိုင်းလိတ်က ပြောကြားသည်။

SNLDပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် တတိယမဲအများဆုံးအနိုင်ရရှိခဲ့သည့် နိုင်ငံရေးပါတီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook