Connect with us

Hi, what are you looking for?

သတင်း

အမ်း − ပဒါန်းလမ်းပိုင်း၌ စစ်ကောင်စီရိက္ခာယာဥ်တန်းတိုက်ခိုက်ခံရပြီး ကိုးဦးထက်မနည်းသေဟု PRAပြော

စစ်ကောင်စီတပ် အင်အား ၅၀ခန့်ပါဝင်သော ရိက္ခာယာဥ်တန်းကို ဒီဇင်ဘာ ၄ရက် နေ့လယ် ၁နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဟု PRA – Magwayက ပြောသည်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − PRA)
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − PRA)

အိမ်သွင်/People’s Spring

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း − ပဒါန်းလမ်းပိုင်း၌ စစ်ကောင်စီ၏ရိက္ခာယာဉ်တန်း စစ်ကားသုံးစီး တိုက်ခိုက်ခဲ့ရာ ကားနှစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်သား ကိုးဦးထက်မနည်းသေဆုံးခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)မှ စစ်ရေးတာဝန်ခံ နောင်သူရိန်က ပြောသည်။

စစ်ကောင်စီတပ် အင်အား ၅၀ခန့်ပါဝင်သော ရိက္ခာယာဥ်တန်းကို ဒီဇင်ဘာ ၄ရက် နေ့လယ် ၁နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဟု PRA – Magwayက ပြောသည်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − PRA)
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − PRA)

စစ်ကားသုံးစီးတက်လာစဉ် မိုင်းခွဲတိုက်ခိုက်ရာ နှစ်စီးပျက်စီးပြီးနောက် ယနေ့အထိ ရှေ့ဆက်မတိုးနိုင်သေးကြောင်း စစ်ရေးတာဝန်ခံ နောင်သူရိန်က ပြောသည်။

Public Service Announcement

Public Service Announcement

” ကျတော်တို့ စစ်ဆင်ရေးရည်ရွယ်ချက်က ဒီကားတွေ ရှေ့ဆက်မတက်နိုင်တဲ့ စစ်ရေးရည်မှန်းချက်ဖြစ်တဲ့အခါကျတော့ ကားရှေ့ဆက်မတက်နိုင်တဲ့ အခြေအနေမျိုးမှာ ပြန်ဆုတ်ခဲ့တယ်”ဟု နောင်သူရိန်က ပြောသည်။

ထို့အပြင် နိုဝင်ဘာ ၂၃ရက်ကလည်း ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား (၉ဝ)ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို PRA-Magway၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ မင်းဘူး ခရိုင်တပ်ရင်း (၂) တို့ပူးပေါင်း တိုက်ခိုက်စဥ် စစ်ကောင်စီတပ်မှ ၁၄ဦးခန့်သေဆုံးပြီး အများအပြားထိခိုက်ခဲ့သည်ဟု PRA-Magwayက ထုတ်ပြန်ထားသည်။

အာရက္ခတပ်တော် (AA)က တိုက်ခိုက်နေသည့် ရခိုင်ပြည်နယ် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်စစ်ဌာနချုပ်(နပခ)မှ စစ်ရှုံး၍ထွက်ပြေးလာသော စစ်ကောင်စီတပ်ပြေးများအား ပိတ်ဆို့တိုက်ခိုက်နေသောကြောင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ထုတ်ပြန်ထားသည်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − PRA)
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − PRA)

နိုဝင်ဘာနှင့် ဒီဇင်ဘာ ပထမပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီအင်အား (၅၀)နီးပါးကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ငယ် (၈)လက်၊ ခဲယမ်းနှင့် စစ်အသုံးအဆောင် များကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု PRA-Magwayက ထုတ်ပြန်ထားသည်။

အမ်းမြို့မှ စစ်ရှုံး၍ထွက်ပြေးလာသော စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကိုလည်း လက်နက်အချို့နှင့် အတူ ဖမ်းမိထားခြင်းဟု အရှိူချင်းကာကွယ်ရေးတပ် (ACDF)၊ New Society Army (NSA)နှင့်ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ပူးပေါင်းတပ်ဖွဲ့ က ဒီဇင်ဘာ ၄ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်လျက်ရှိရာ ဆန်အိတ် ၁၀၀၀ နီးပါး ရရှိနေပြီဖြစ်ကြောင်း CPU/CPA ထောက်ပို့ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။