Connect with us

Hi, what are you looking for?

သတင်း

အမ်း − ပဒါန်းလမ်းပိုင်း၌ စစ်ကောင်စီရိက္ခာယာဥ်တန်းတိုက်ခိုက်ခံရပြီး ကိုးဦးထက်မနည်းသေဟု PRAပြော

စစ်ကောင်စီတပ် အင်အား ၅၀ခန့်ပါဝင်သော ရိက္ခာယာဥ်တန်းကို ဒီဇင်ဘာ ၄ရက် နေ့လယ် ၁နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဟု PRA – Magwayက ပြောသည်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − PRA)
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − PRA)

အိမ်သွင်/People’s Spring

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း − ပဒါန်းလမ်းပိုင်း၌ စစ်ကောင်စီ၏ရိက္ခာယာဉ်တန်း စစ်ကားသုံးစီး တိုက်ခိုက်ခဲ့ရာ ကားနှစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်သား ကိုးဦးထက်မနည်းသေဆုံးခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)မှ စစ်ရေးတာဝန်ခံ နောင်သူရိန်က ပြောသည်။

စစ်ကောင်စီတပ် အင်အား ၅၀ခန့်ပါဝင်သော ရိက္ခာယာဥ်တန်းကို ဒီဇင်ဘာ ၄ရက် နေ့လယ် ၁နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဟု PRA – Magwayက ပြောသည်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − PRA)
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − PRA)

စစ်ကားသုံးစီးတက်လာစဉ် မိုင်းခွဲတိုက်ခိုက်ရာ နှစ်စီးပျက်စီးပြီးနောက် ယနေ့အထိ ရှေ့ဆက်မတိုးနိုင်သေးကြောင်း စစ်ရေးတာဝန်ခံ နောင်သူရိန်က ပြောသည်။

Public Service Announcement

Public Service Announcement

” ကျတော်တို့ စစ်ဆင်ရေးရည်ရွယ်ချက်က ဒီကားတွေ ရှေ့ဆက်မတက်နိုင်တဲ့ စစ်ရေးရည်မှန်းချက်ဖြစ်တဲ့အခါကျတော့ ကားရှေ့ဆက်မတက်နိုင်တဲ့ အခြေအနေမျိုးမှာ ပြန်ဆုတ်ခဲ့တယ်”ဟု နောင်သူရိန်က ပြောသည်။

ထို့အပြင် နိုဝင်ဘာ ၂၃ရက်ကလည်း ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား (၉ဝ)ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို PRA-Magway၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ မင်းဘူး ခရိုင်တပ်ရင်း (၂) တို့ပူးပေါင်း တိုက်ခိုက်စဥ် စစ်ကောင်စီတပ်မှ ၁၄ဦးခန့်သေဆုံးပြီး အများအပြားထိခိုက်ခဲ့သည်ဟု PRA-Magwayက ထုတ်ပြန်ထားသည်။

အာရက္ခတပ်တော် (AA)က တိုက်ခိုက်နေသည့် ရခိုင်ပြည်နယ် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်စစ်ဌာနချုပ်(နပခ)မှ စစ်ရှုံး၍ထွက်ပြေးလာသော စစ်ကောင်စီတပ်ပြေးများအား ပိတ်ဆို့တိုက်ခိုက်နေသောကြောင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ထုတ်ပြန်ထားသည်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − PRA)
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − PRA)

နိုဝင်ဘာနှင့် ဒီဇင်ဘာ ပထမပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီအင်အား (၅၀)နီးပါးကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ငယ် (၈)လက်၊ ခဲယမ်းနှင့် စစ်အသုံးအဆောင် များကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု PRA-Magwayက ထုတ်ပြန်ထားသည်။

အမ်းမြို့မှ စစ်ရှုံး၍ထွက်ပြေးလာသော စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကိုလည်း လက်နက်အချို့နှင့် အတူ ဖမ်းမိထားခြင်းဟု အရှိူချင်းကာကွယ်ရေးတပ် (ACDF)၊ New Society Army (NSA)နှင့်ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ပူးပေါင်းတပ်ဖွဲ့ က ဒီဇင်ဘာ ၄ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းရှိ စော်ဘွားရေရှင်ကျေးရွာအနီးကို စစ်ကောင်စီက ယနေ့ (ဇန်နဝါရီလ ၁၈ရက်) နံနက် ၇နာရီခန့်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခမ်းပါတ်မြို့နှင့် အင်းတော်မြို့နယ်၊ မော်လူးမြို့တို့တွင် ယမန်နေ့ညပိုင်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ငါးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်ကို စစ်ကောင်စီက ပိိုက်စိပ်တိုက်စစ်ဆေးရာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း အဆိုပါမြို့နယ်ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဇန်နဝါရီ ၁၇ရက်)သတင်းထုတ်ပြန်သည်။