Connect with us

Hi, what are you looking for?

သတင်း

ဒုဗိုလ်မှူးကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၀ဦး ယခုနှစ်အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာဟု NUG အသိပေး

ပြည်သူရင်ခွင်ခိုလှုံလာသူများထဲတွင် စစ်ကောင်စီတပ်၏ အဓမ္မစစ်သားစုဆောင်းမှုခံရသူ ၃၃ဦးလည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

(ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက ဒေါနတပ်ရင်းထံ အလင်းဝင်လာသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ − ဒေါနတပ်ရင်း)
(ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက ဒေါနတပ်ရင်းထံ အလင်းဝင်လာသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ − ဒေါနတပ်ရင်း)

ဟန်နွေ/People’s Spring

စစ်ကောင်စီ၏ ဒုဗိုလ်မှူးကြီးနှင့် ဒုရဲမှူးအဆင့် အရာရှိများအပါအဝင် ယခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၀ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၁၀ရက်)တွင် ကျင်းပသည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်း အစီအစဉ်တွင် ဦးနေဘုန်းလတ်က ၂၀၂၄ ဇန်နဝါရီမှ နိုဝင်ဘာအထိ (၁၁) လအတွင်း ပြည်သူ့ရင်ခွင်သို့ ဆက်သွယ်ခိုလှုံလာမှု အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ခိုလှုံလာသူများတွင် ခြေလျင်တပ်သား(၃၀၂)ဦး၊ ရေတပ်သား(၁၁) ဦး၊ လေတပ်သား(၁၁) ဦး၊ရဲတပ်ဖွဲ့ဝင်(၁၃၃) ဦး၊ အကျဉ်းဦးစီးဝန်ထမ်း (၅) ဦး စုစုပေါင်း (၄၇၅) ဦးရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ရာထူးအားဖြင့်စစ်တပ်ဘက်က ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့ဘက်က ဒုရဲမှူးအဆင့်အထိပါဝင်ခဲ့ပါတယ်။ အဆိုပါ ၄၇၅ ဦးမှာ (၁၉၁) ဦးဟာ လက်နက်နဲ့ အတူဝင်ရောက်လာသူတွေဖြစ်ပြီးသူတို့ ယူဆောင်လာတဲ့ လက်နက်အမျိုးအစားပေါ်မူတည်ပြီး ချီးမြှင့်ငွေ ပေးအပ်ခဲ့ပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

(ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက ဒေါနတပ်ရင်းထံ အလင်းဝင်လာသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ − ဒေါနတပ်ရင်း)
(ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက ဒေါနတပ်ရင်းထံ အလင်းဝင်လာသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ − ဒေါနတပ်ရင်း)

ပြည်သူရင်ခွင်ခိုလှုံလာသူများထဲတွင် စစ်ကောင်စီတပ်၏ အဓမ္မစစ်သားစုဆောင်းမှုခံရသူ ၃၃ဦးလည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ ပြင်သူ့ရင်ခွင်ခိုလှုံလာသူများကို လက်ခံရန် ကော်မတီဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် သုံးနှစ်ကျော်အတွင်း စစ်သား ၃,၇၀၀ ကျော်၊ ရဲတပ်ဖွဲ့ဝင် ၁၁,၀၀၀ ကျော်နှင့် ဝန်ထမ်း ၁၅,၀၀၀ခန့် ရှိသည်ဟုလည်း အသိပေးသည်။

“ အဲဒီ့ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေကို လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ကူညီပံ့ပိုးပေး လျက်ရှိကြောင်း အသိပေးလိုပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

ထို့ပြင် နိုဝင်ဘာ ၂၈ရက်တွင် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)၏ ရှေ့နေများက ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်း ထုတ်နိုင်ရန် ကြိုးပမ်းမှု ကိစ္စနှင့်ပတ်သက်ပြီးကြိုဆိုကြောင်း ဦးနေဘုန်းလတ်က ပြောကြားကာ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ မင်းအောင်လှိုင်ကဲ့သို့ စစ်ရာဇဝတ်ကောင်နှင့် လမ်းခွဲရန် တိုက်တွန်းခဲ့သည်။

(ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက ဒေါနတပ်ရင်းထံ အလင်းဝင်လာသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ − ဒေါနတပ်ရင်း)
(ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက ဒေါနတပ်ရင်းထံ အလင်းဝင်လာသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ − ဒေါနတပ်ရင်း)

“ဒီအချိန်မှာ မင်းအောင်လှိုင်နဲ့ လမ်းခွဲပြီးဂုဏ်သိက္ခာရှိတဲ့ထွက်ပေါက်ကို ရှာခြင်းကသာ အားလုံးအတွက် ကောင်းမွန်တဲ့နည်းလမ်းဖြစ်တယ်ဆိုတာ ပြတ်ပြတ်သားသားပြောကြား လိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ သွေးထွက်သံယိုမှုနည်းနိုင်သမျှနည်းနည်းနဲ့

တော်လှန်ရေးအောင်မြင် နိုင်ရေး ရှေးရှုပြီးပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ်အကောင်အထည်ဖော်မှုကော်မတီ ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။ဒီကော်မတီအနေနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်တွေနဲ့ လမ်းခွဲပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာမယ့် စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေကို စိစစ်လက်ခံကူညီပေးလျက်ရှိပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။

ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အကောင်အထည်ဖော်မှုကော်မတီနှင့် ချိတ်ဆက်လာခြင်းမရှိဘဲနည်းလမ်း ပေါင်းစုံဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်များနှင့် လမ်းခွဲခဲ့ကြသူများ တနည်းနည်းဖြင့်တပ်တွင်းအာဏာဖီဆန်မှု ပြုလုပ်နေကြသူများနှင့် တပ်အတွင်းကနေပြီး တော်လှန်ရေးကို တနည်းတဖုံကူညီပံ့ပိုးပေးနေကြသူများလည်း ရှိနေပြီး ၎င်းတို့၏ အားထုတ်မှုများကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အသိအမှတ်ပြုကြောင်း အသိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်