Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်တွင် စစ်တပ်က ဒေသခံအမျိုးသမီးတစ်ဦး ပစ်သတ်

လတ်တလောတွင် ကားလမ်းအသုံးပြု၍ ကုန်းကြောင်းမှလာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် အင်းဇောက်ကျေးရွာ၌ ဆက်ရှိနေပြီး ဒေသခံပြည်သူအများစုမှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

လောင်းလုံးမြို့နယ်တွင် စစ်တပ်က ဒေသခံအမျိုးသမီးတစ်ဦး ပစ်သတ်
လောင်းလုံးမြို့နယ်တွင် စစ်တပ်က ဒေသခံအမျိုးသမီးတစ်ဦး ပစ်သတ်

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့နယ်အတွင်း ကားလမ်းအတိုင်းစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ဆိုင်ကယ်ဖြင့်လာသည့် အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၁၃ရက်)နံနက် ၅ နာရီခန့်က လောင်းလုံးမြို့နယ်၊ အင်းဇောက်ကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်စီးလာသည့် အသက်(၅၀)ခန့်အရွယ် အမျိုးသမီးတစ်ဦးကို ပစ်ခတ်ခြင်းကိုခံရခြင်း ဖြစ်သည်။

“စစ်ကြောင်းက နံနက်၂နာရီခွဲလောက်ကတည်းက လမ်းမပေါ်ခြေကျင်သွားလာနေတာဗျ။ မနက်အစောပိုင်းဆိုတော့ အိမ်ရှေ့မှာ လူရိပ်မြင်လို့ ပစ်ထည့်လိုက်တာဖြစ်မယ်”ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ခံရသည့်အမျိုးသမီးသည် သေနတ်ကျည်ထိမှန်ကာ ဆိုင်ကယ်တိမ်းမှောက်၍ လမ်းပေါ်ပြုတ်ကျသွားရာ ချက်ချင်းမသေဘဲ ပစ်ခံရပြီး နာရီပိုင်းခန့်အကြာမှ သွေးထွက်လွန်သေဆုံးသွားခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

အင်အား ၁၀၀ကျော်ပါ စစ်ကြောင်းသည် ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းကတည်းက ထားဝယ်မြို့မှတဆင့် လောင်းလုံးမြို့နယ်အတွင်းသို့ ကားလမကြီးအတိုင်း ခြေကျင်စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီး သာယာကုန်း၊ မင်းရပ် ၊ ပန္ဒလဲ၊ ပဉ္စသီမော်နှင့် သဗျာကျေးရွာများသို့ ဝင်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။

” ဝင်သွားတဲ့ရွာတွေက လောင်းလုံး − ထားဝယ်လမ်းမကြီးနဘေးက ရွာတွေပါ။ ဒီစစ် ကြောင်းမှာ စစ်မှုထမ်းသင်တန်းဆင်းတဲ့ကောင်တွေ သုံးပုံ နှစ်ပုံလောက်ပါနိုင်ပါတယ်”ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အလားတူ စစ်ကောင်စီတပ်မှ အင်အား ၅၀ခန့်သည် ရေကြောင်းမှတဆင့် ငါးဖမ်းစက်လှေများအသုံးပြုကာ ယမန်နေ့ (ဒီဇင်ဘာ ၁၂ရက်)တွင် ထားဝယ်မြို့မှနေ၍ လောင်းလုံးမြို့နယ် ကျောက်နီမော်တပ်စခန်းသို့ အင်အားဖြည့်တင်းမှုပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြော သည်။

“ငါးဖမ်းစက်လှေက သုံးစီး၊ လှေငယ်တွေလည်း ပါတယ်ဗျ။ ၀င်လိုက်ထွက်လိုက် လုပ်နေတာပဲ။ အင်အားတော့ ၅၀ကျော်လောက်ရှိမယ်ဗျ။ အရင်ရှိပြီးသားအင်အားကို ထပ်လာဖြည့်တာလို့ယူဆရတယ်”ဟု ၎င်းဒေသခံက ရှင်းပြသည်။

လတ်တလောတွင် ကားလမ်းအသုံးပြု၍ ကုန်းကြောင်းမှလာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် အင်းဇောက်ကျေးရွာ၌ ဆက်ရှိနေပြီး ဒေသခံပြည်သူအများစုမှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။