Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းစစ်ဒေသ နိုဝင်ဘာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၁၅၀ခန့်သေဆုံး

စစ်ကောင်စီတပ်သည် ကရင်ပြည်နယ် အပါအဝင် စစ်ရေးအရ အထိနာလျက်ရှိသည့် ဒေသများ၌ အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ပြည်သူ သေဆုံးထိခိုက်မှုများ မကြာခဏ ရှိခဲ့သည်။

(နိုဝင်ဘာ ၂၂ရက်က သိမ်းရသော မထောရွာစခန်းသိမ်းတိုက်ပွဲမှ ခဲယမ်းများ။ဓာတ်ပုံ − တောင်ပိုင်းစစ်ဒေသ)
(နိုဝင်ဘာ ၂၂ရက်က သိမ်းရသော မထောရွာစခန်းသိမ်းတိုက်ပွဲမှ ခဲယမ်းများ။ဓာတ်ပုံ − တောင်ပိုင်းစစ်ဒေသ)

တော်လှန်ရေးပူးပေါင်းတပ် ၉ဦးကျဆုံး၊ ၃၀ကျော် ဒဏ်ရာရဟု အသိပေး

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် နိုဝင်ဘာအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ အပြန်အလှန် ထိတွေ့တိုက်ပွဲပေါင်း (၄၂)ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅၀ခန့်သေဆုံးခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသက ယနေ့(ဒီဇင်ဘာ၁၄ရက်) ထုတ်ပြန်သည်။

ကရင်၊ ပဲခူး၊ မွန်၊ တနင်္သာရီ ဒေသများပါဝင်သည့် တောင်ပိုင်းစစ်ဒေသ နယ်မြေအတွင်း စစ်ရေး အခြေအနေများကို လစဉ်၊ အပတ်စဉ် အသိပေးလျက်ရှိရာ နိုဝင်ဘာလအတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွားမှုများအပြင် စစ်ကောင်စီတပ်စခန်းများ စစ်ကြောင်းများကို ဒရုန်းဖြင့် (၃၈)ကြိမ် နှင့်အထက် တိုက်ခိုက်ခဲ့ပြီး မိုင်း လက်နက်ကြီးတို့ဖြင့် အနည်းဆုံး ၁၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

နိုဝင်ဘာလအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား (၁၄၉)ဦး သေဆုံး၊ (၈၉)ဦး ဒဏ်ရာရကာ (၆) ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်သို့ အလင်းဝင်ရောက်ခဲ့ကြောင်း တောင်ပိုင်း စစ်ဒေသက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်(၉)ဦးကျဆုံးကာ ၃၆ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း အသိပေးသည်။

နိုဝင်ဘာအတွင်း ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကူးဆိပ်စခန်းနှင့် မထောစခန်းတို့အား KNLA/PDF/BPLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၎င်းတိုက်ပွဲနှင့် အခြားတိုက်ပွဲများမှ လက်နက်ကြီး လက်နက်ငယ်နှင့် ခဲယမ်းများစွာကို ပူးပေါင်းတပ်ဖွဲ့ဘက်က သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြသည်။

တိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ LDF များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်သစ်(AD)ပူးပေါင်းတပ်ဖွဲ့များနှင့် ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်း၍ စစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု အသိပေးသည်။

စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တောင်ပိုင်းစစ်ဒေသ နယ်မြေတွင် နိုဝင်ဘာလအတွင်း ပြည်သူ (၁၇)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ (၅၄)ဦး ရှိခဲ့ကြောင်းလည်း အသိပေးသည်။ စစ်ကောင်စီတပ်သည် ကရင်ပြည်နယ် အပါအဝင် စစ်ရေးအရ အထိနာလျက်ရှိသည့် ဒေသများ၌ အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ပြည်သူ သေဆုံးထိခိုက်မှုများ မကြာခဏ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်