Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ

စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးပူးပေါင်းအဖွဲ့မှ အင်အား ၇၀ ခန့်သည်ဒီဇင်ဘာလ ၁၃ ရက်နေ့ကတည်းက စလင်းမြို့နယ်၊ စည်ဆွဲကျေးရွာအုပ်စုရှိ ကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာက်ထွက် စစ်ကြောင်းထိုးဝင်ရောက်နေခြင်းဟု ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်များတပ်စွဲ၍ လက်နက်ကြီးအထိုင်ချထားသော စည်ဆွဲရွာမှ ဘုန်းကြီးကျောင်းတစ်ကျောင်း။ဓါတ်ပုံ-ပေးပို့)
(စစ်ကောင်စီတပ်များတပ်စွဲ၍ လက်နက်ကြီးအထိုင်ချထားသော စည်ဆွဲရွာမှ ဘုန်းကြီးကျောင်းတစ်ကျောင်း။ဓါတ်ပုံ-ပေးပို့)

▪︎ပြည်သူပိုင်ပစ္စည်းများခိုးယူ၍ဓားစာခံဖမ်းဆီး​

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများသို့ စစ်ကြောင်းထိုးနေပြီး ပြည်သူပိုင်ပစ္စည်းများအား အတင်းအဓမ္မယူဆောင်သည့်အပြင် ပြည်သာအချို့ကို ဓား စာခံအဖြစ် ဖမ်းဆီးနှိပ်စက်မှုများရှိနေကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြော သည်။

စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးပူးပေါင်းအဖွဲ့မှ အင်အား ၇၀ ခန့်သည်ဒီဇင်ဘာလ ၁၃ ရက်နေ့ကတည်းက စလင်းမြို့နယ်၊ စည်ဆွဲကျေးရွာအုပ်စုရှိ ကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာက်ထွက် စစ်ကြောင်းထိုးဝင်ရောက်နေခြင်းဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်များဝင်ရောက်စစ်ကြောင်းထိုးနေသည့် ကျေးရွာများမှာစည်ဆွဲ၊ ကန်ဆွယ်၊ မကျည်းစင်၊ ထူးကြီး၊ သန်းကုန်းနှင့် စမ်းကလေး၊ သမန်းကျင်းနှင့် ဌင်းကျေးရွာတို့ဖြစ်ပြီး ဆည်စွဲရွာမှ အမျိုးသားနှစ်ဦးနှင့် အ မျိုးသမီးတစ်ဦးကို PDF ထောက်ပို့ဟုစွပ်စွဲဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

“စည်ဆွဲက ရွာကကြီးတော့ အပိုင်းအပိုင်းတွေဆိုတော့ အိမ်ခြေ ၆၀၀ ဝန်းကျင်လောက်ရှိမယ်ဗျ။ လူဦးရေလည်းများတယ်။လက်ရှိမှာ စကစတွေက စည်ဆွဲမှာအထိုင်ချထားလို့ ဒေသခံတွေ ပိတ်မိနေတယ်”ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် စည်ဆွဲရွာရှိ ဘုန်းကြီးကျောင်းနှစ်ထပ်ဆောင်အပေါ် ထပ်၌ လက်နက်ကြီးများအထိုင်ချ၍ စမ်းကလေးကျေးရွာဘက်သို့ ရမ်းသမ်းပစ်ခတ်မှုများရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

“ကျတော်တို့ဘက်က ဒရုန်း(ဗုံးသီး)မချလေအောင် သူတို့က အချက်ချာ နေရာယူလိုက်တာဗျ”ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့က စည်ဆွဲရွာနှင့် စမ်းကလေးကျေးရွာကြားသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့က မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းအပြင် ပစ်ခတ်တိုက် ခိုက်ခြင်းများလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ် စစ်ကြောင်းမှူးအပါအဝင် ခြောက်ဦးသေ၍ ကားနှစ်စီးပျက်စီးခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရ၍ အထိနာပြီးနောက် စစ်ကောင်စီတပ်က တိုက်ခိုက်မှုဖြစ်ပွားရာ အနီးဝန်းကျင်မှ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်၍ ပြည်သူပိုင်ပစ္စည်းများ ခိုးယူခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်းနှင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်ဝင်ရောက်ခြင်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။