Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အနီးရှိ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓါးပြတိုက်ခံရ

ရွှေပိဿာချိန် ၆ ပိဿာထက်မနည်း ပါသွားခဲ့ကြောင်း ​ဒေသခံပြည်သူများကပြောနေကြသော်လည်းလူထု​နွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

(ဓားပြတိုက်ခံရသည့် ရွှေစင်အကယ်ဒမီရွှေဆိုင်အား တွေ့ရစဉ်။ ဓာတ်ပုံ − CJ)
(ဓားပြတိုက်ခံရသည့် ရွှေစင်အကယ်ဒမီရွှေဆိုင်အား တွေ့ရစဉ်။ ဓာတ်ပုံ − CJ)

အင်ကြင်း၊မေ/People’s Spring

မန္တလေးမြို့လယ်တွင် ဖွင့်လှစ်ထားသော နာမည်ကြီး ရွှေစင်အကယ်ဒမီရွှေဆိုင် ဓါးပြတိုက်ခံရကြောင်း သတင်းရရှိသည်။

ယနေ့(ဒီဇင်ဘာ ၁၈ရက်) ညနေ ၅နာရီခွဲခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၇လမ်းမပေါ်၊ ၃၆ လမ်းနှင့် ၃၇လမ်းကြား၌ ဖွင့်လှစ်ထားသော ရွှေစင်အကယ်ဒမီရွှေဆိုင်အား ဆိုင်ကယ်နှစ်စီးဖြင့် လူ သုံးဦးရောက်လာပြီး ဆိုင်ရှိရွှေများအား ဓါးပြတိုက်ယူဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။

“ရွှေတွေပိဿာနဲ့ချီပြီးကို ပါသွားတာပြောတယ်။ ရဲတွေရော၊ စစ်သားတွေရော ရှုပ်ယှက်ခက်နေတယ်။”ဟု ရပ်ကွက်ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရွှေပိဿာချိန် ၆ ပိဿာထက်မနည်း ပါသွားခဲ့ကြောင်း ​ဒေသခံပြည်သူများကပြောနေကြသော်လည်းလူထု​နွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ ရွှေဆိုင်သည် ၇၃နှင့် ၇၈လမ်းကြား၊ ၃၈လမ်းပေါ်ရှိ စစ်ကောင်စီ၏ တက္ကသိုလ်အရံလေ့ကျင့်ရေးတပ်အနီးတွင် ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်ညကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက်က နေအိမ်ကို ပျူစောထီးအဖွဲ့က ဝင်ရောက်ဓါးပြတိုက်ခဲ့သေးသည်။

စက်တင်ဘာ ၁၀ ရက်ကလည်း မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်တွင် ရွှေဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ခုနှစ်သောင်းကျော်တန်ကြေးရှိ ရွှေထည်များ ဆုံးရှုံးခဲ့ဖူးသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ရှိ ရွှေဆိုင်များ၊ ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းအများအပြား ဓါးပြတိုက်ခံခဲ့ရပြီး ဓါးပြမှုအများစုသည် စစ်ကောင်စီလက်အောက်ခံ ပျူများကလည်း ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ပေါ်ဦးရွှေဆိုင်၊အောင်ရွှေဆိုင်၊ဆယ်သန်းရွှေဆိုင်၊မောသစ်ရွှေဆိုင်၊လင်းလက်ဝါရွှေပန်းတိမ်စ​သော ​ရွှေဆိုင် နှင့် ​ရွှေပန်းတိမ်လုပ်ငန်းများဓားပြတိုက်ခံခဲ့ရသည်။ လင်းလက်ဝါရွှေပန်းတိမ်ဓားပြတိုက်မှုတွင် ပုသိမ်ကြီးမြို့မရဲစခန်းကနယ်ထိန်းရဲကဦးဆောင်ပါဝင်ခဲ့ခြင်းဖြစ်သည်။

ထိုဆိုင်များထဲမှ ဆယ်သန်းရွှေဆိုင်မှာ ၂ကြိမ်ဓားပြတိုက်ခံရပြီး မောသစ်ရွှေဆိုင်က ၃ကြိမ်ထပ်မနည်းဓားပြတိုက်ခံခဲ့ရ​သော်လည်း တရားခံဖမ်းဆီးနိုင်ခြင်းမရှိသေး​ပေ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

မလေးရှားနိုင်ငံက စျေးဝယ်စင်တာ တစ်ခုမှာ ရွှေပန်းထိမ်ဆိုင်ကို နေ့ခင်းကြောင်တောင် ဓားပြဝင်တိုက်သွားသူ ၃ ဦးကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံ ရှာဖွေနေပါတယ်။

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ ရွှေကူမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး တရားခံတွေ ထွက်ပြေး လွတ်မြောက်သွားပါတယ်။

Facebook