Connect with us

Hi, what are you looking for?

သတင်း

ရွှေစင်အကယ်ဒမီရွှေဆိုင် ဓါးပြတိုက်ခံရမှု ကျပ်သိန်း ၃သောင်းကျော်တန်ဖိုးရှိ ရွှေ ၄ပိဿာကျော်ပါသွား

စက်တင်ဘာ ၁၀ရက်ကလည်း မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်တွင် ရွှေဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ခုနှစ်သောင်းကျော်တန်ကြေးရှိ ရွှေထည်များ ဆုံးရှုံးခဲ့ဖူးသည်။

(CCTV မှတ်တမ်းမှ အနုကြမ်းစီးသွားသူများအား တွေ့ရစဥ်။ဓာတ်ပုံ-စကစ)
(CCTV မှတ်တမ်းမှ အနုကြမ်းစီးသွားသူများအား တွေ့ရစဥ်။ဓာတ်ပုံ-စကစ)

အင်ကြင်း/People’s Spring

မန္တလေးမြို့လယ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓါးပြတိုက်ခံရမှုတွင် ကျပ်သိန်း ၃သောင်းကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများအပါအဝင် ရွှေ ၄ပိဿာကျော် ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၈ရက်) ညနေ ၅နာရီခွဲခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇လမ်းမပေါ်၊ ၃၆ လမ်းနှင့် ၃၇လမ်းကြား၌ ဖွင့်လှစ်ထားသော ရွှေစင်အကယ်ဒမီရွှေဆိုင်တွင် ဆိုင်ရှင်အပါအဝင် အမျိုးသမီး ၂ဦး၊ ဝန်ထမ်း အမျိုးသား ၂ ဦးတို့ရှိနေစဥ် ဆိုင်ကယ် ၁ စီး​ဖြင့် အမျိုးသား ၃ဦးက ပစ္စတိုသေနတ် ၂ လက်ကိုင်ဆောင်ကာ ဆိုင်အတွင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထို့နောက် ရွှေထည်အတုံး၊ဆွဲကြိုး၊လက်ကောက်ထည့်ထားသည့် ပလပ်စတစ်ပုံး ၃ ပုံး၊ ခန့်မှန်း ၄ ပိဿာကျော်ခန့်၊စုစုပေါင်းတန်ဖိုး သိန်း ၃၀,၀၀ဝ ကျော်ခန့်အား ယူဆောင်သွားကြောင်း စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ မှတ်တမ်းတွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်ပွားပြီးနောက် စစ်အုပ်စုက အင်အားအများအပြားဖြင့် ရောက်ရှိလာပြီး ဆိုင်အားစစ်ဆေးခဲ့ကြောင်း သိရသည်။

“ညက တော်တော်ရှုပ်ယှက်ခက်သွားတယ်။ ဧည့်စာရင်းစစ်မယ်တွေဘာတွေကြားသေးတယ်။ လာတော့မစစ်သွားဘူး။”ဟု ရပ်ကွက်ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်ညကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက်က နေအိမ်ကို ပျူစောထီးအဖွဲ့က ဝင်ရောက်ဓါးပြတိုက်ခဲ့သေးသည်။

စက်တင်ဘာ ၁၀ရက်ကလည်း မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်တွင် ရွှေဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ခုနှစ်သောင်းကျော်တန်ကြေးရှိ ရွှေထည်များ ဆုံးရှုံးခဲ့ဖူးသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ရှိ ရွှေဆိုင်များ၊ ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းအများအပြား ဓါးပြတိုက်ခံခဲ့ရပြီး ဓါးပြမှုအများစုသည် စစ်ကောင်စီလက်အောက်ခံ ပျူများကလည်း ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

မလေးရှားနိုင်ငံက စျေးဝယ်စင်တာ တစ်ခုမှာ ရွှေပန်းထိမ်ဆိုင်ကို နေ့ခင်းကြောင်တောင် ဓားပြဝင်တိုက်သွားသူ ၃ ဦးကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံ ရှာဖွေနေပါတယ်။

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ ရွှေကူမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး တရားခံတွေ ထွက်ပြေး လွတ်မြောက်သွားပါတယ်။

Facebook