Connect with us

Hi, what are you looking for?

သတင်း

စလင်းမြောက်ပိုင်းတွင် တစ်ပတ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားနေ

စလင်းမြို့သည် မင်းဘူးမြို့နှင့် (၃၉)မိုင်ကွာဝေးသည်။ မင်းဘူးမြို့နယ်ရှိ ရွှေစက်တော်ရာဘုရားအနီးတွင်လည်း ယခုလပိုင်းအတွင်း တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသည်။

(စလင်းပကဖရဲဘော်များအား ပြီးခဲ့သည့်လပိုင်းအတွင်းက ဆင်ဖြူကျွန်းမြို့အနီးတွင် တွေ့ရစဥ်။ဓာတ်ပုံ-စလင်းပကဖ)
(စလင်းပကဖရဲဘော်များအား ပြီးခဲ့သည့်လပိုင်းအတွင်းက ဆင်ဖြူကျွန်းမြို့အနီးတွင် တွေ့ရစဥ်။ဓာတ်ပုံ-စလင်းပကဖ)

▪︎​လက်နက်ကြီးထိ၍ ပြည်သူနှစ်ဦး သေဆုံး၊ ကျေးရွာ ၂၀ခန့်မှပြည်သူများ စစ်ဘေးရှောင်

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မြောက်ပိုင်းတွင် တစ်ပတ်ကျော်ကြာတိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာ ၂၀ခန့်မှ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ် လက်နက်ကြီးဖြစ်ပစ်ခတ်၍ ပြည်သူနှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဆိပ်ဖြူမြို့နယ် အမှတ်(၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ− ၂၁)၊ ပခုက္ကူတမြို့အခြေစိုက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်တို့မှ အင်အား ၂၀၀ခန်ဖြင့် ဒီဇင်ဘာ ၁၁ ရက်ကတည်းက စလင်းမြို့နယ်မြောက်ပိုင်း၊ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကြားရှိ တညောင်တိုက်နယ်ကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့သည်။

အဆိုပါ စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ တစ်ပတ်ကြာကျော်ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများသို့ လက်နက်ကြီးများ၊ ဒရုန်းများများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(စလင်း)၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့နဲ့ ရင်ဆိုင်ဖြစ်တာလည်းရှိတယ်။ သူတို့ဘက်ကတော့ သူတို့အထိုင်ချထားတဲ့ နေရာကနေ ဘေးနားပတ်ချာလည်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာတွေရှိတယ်။”ဟု စလင်းပကဖမှ သတင်းတာဝန်ခံ ကိုအောင်ဆန်းက ပြောသည်။

စစ်တပ်၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူနှစ်ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရာရရှိခဲ့ကြောင်း၊ ကျေးရွာတစ်ရွာလည်း မီးရှို့ခံထားရကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီဘက်က ထိခိုက်မှုနှင့် တိုက်ပွဲဖြစ်စဥ်အသေးစိတ်ကိုမူ မသိရသေးပေ။

အဆိုပါစစ်ကြောင်းသည် ယနေ့ (ဒီဇင်ဘာ ၁၉ ရက်) နံနက်ပိုင်းတွင် ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးကာ ပစ္စည်းများသိမ်းယူနေကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် တိုက်ပွဲများဖြစ်ပွားနိုင်၍ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းအား ခေတ္တသွာလာခြင်းမပြုရန် စလင်းပကဖက တားမြစ်ထားသည်။

စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုများလည်းရှိပြီး ကျေးရွာ ၂၀ခန့်မှ ဒေသခံပြည်သူ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကာ စစ်ရှောင်စခန်းများ၊ နီးစပ်ရာကျေးရွာများ၌ ခိုလှုံနေရကြောင်း၊ စားနပ်ရိက္ခါနှင့် ဆေးဝါးများလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

စလင်းမြို့သည် မင်းဘူးမြို့နှင့် (၃၉)မိုင်ကွာဝေးသည်။ မင်းဘူးမြို့နယ်ရှိ ရွှေစက်တော်ရာဘုရားအနီးတွင်လည်း ယခုလပိုင်းအတွင်း တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း