Connect with us

Hi, what are you looking for?

သတင်း

အနန်းကွင်းဗျူဟာကို တော်လှန်ရေးတပ်များ ပိတ်ဆို့ဖြတ်တောက်ထား၍ စစ်ကောင်စီ စစ်ကူမပို့နိုင်တော့

ဒေါနတပ်ရင်းနှင့် ပူးပေါင်းတပ်သည် ဒီဇင်ဘာ ၁၇ရက်တွင် ကွမ်ကျိုက်စခန်းနှင့် ရေဖြူမြို့နယ် ကံပေါက်ဒေသ အတွင်းရှိ ရေကန်တောင်စခန်းအား သိမ်းပိုက်ခဲ့သည်။

(နဂါးနီစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း)
(နဂါးနီစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း)

ဟန်နွေ/People’s Spring

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းပိုင်းပေါ်ရှိ အနန်းကွင်းကျေးရွာမှ စစ်ကောင်စီ၏ ဗျူဟာစခန်းအားတော်လှန်ရေးတပ်များက ပိတ်ဆို့ဖြတ်တောက် ထား၍ စစ်ကောင်စီ စစ်ကူမပို့နိုင်တော့ဟု နဂါးနီစစ်ကြောင်းမှ စစ်ကြောင်းမှူးကိုဟိန်းက လူထုနွေဦးသို့ ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့် နွေရာသီကတည်က ဝိုင်းရံပိတ်ဆို့ထားသည့် အနန်းကွင်းဗျူဟာစခန်း လက်ရှိစစ်ရေး အခြေအနေမေးမြန်းချက်အပေါ် စစ်ကြောင်းမှူးကိုဟိန်းက ယနေ့(ဒီဇင်ဘာ ၂၀ရက်) ပြောသည်။

“တော်လှန်ရေးတပ်တွေက စခန်းပတ်ချာလည် ပိတ်ဆို့ထားဆဲပါ။ ရန်သူ့ စစ်ကူမလာနိုင်ဘဲ ရဲတံခွန်ကျေးရွာမှာဘဲ ရှေ့ဆက်မတိုးနိုင်တဲ့ အခြေအနေပါ”ဟု စစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။

Public Service Announcement

Public Service Announcement

ယခင်ကလည်း အနန်းကွင်းဗျူဟာ စစ်ကူလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းများကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက် ခဲ့၍ အထိနာပြီး ဆုတ်ခွာမှုများ ရှိခဲ့သည်။

လက်ရှိတွင် အနန်းကွင်းဗျူဟာရှိ စစ်ကောင်စီတပ်များ ခဲယမ်းရိက္ခာပြတ်တောက်မှု ကြုံနေရပြီး လေကြောင်းမှပစ်ကူပေးခြင်း၊ လေကြောင်းမှ ထောက်ပံ့ရေး ပစ္စည်းများ ချပေးခြင်းတို့ စစ်ကောင်စီဘက်က ပြုလုပ်ပေးလျက်ရှိသည်။

တစ်ဖက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်များသည် မွန်ပြည်နယ်၊ ရေးမြို့နယ် ကွမ်ကျိုက်ရွာအနီးရှိ စခန်းကုန်းကို ဒီဇင်ဘာ ၁၇ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

အဆိုပါ ကွမ်ကျိုက်စစ်ကောင်စီစခန်းကုန်းသည် ဒေသတွင်း စစ်ကောင်စီ တပ်စစ်ကြောင်းများအား ပုံမှန် စစ်ကူပို့ရန် စုရပ်ပြုလုပ်ရာနေရာဖြစ်ကြောင်း PDF ဒေါနတပ်ရင်း စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

ဒေါနတပ်ရင်းနှင့် ပူးပေါင်းတပ်သည် ဒီဇင်ဘာ ၁၇ရက်တွင် ကွမ်ကျိုက်စခန်းနှင့် ရေဖြူမြို့နယ် ကံပေါက်ဒေသ အတွင်းရှိ ရေကန်တောင်စခန်းအား သိမ်းပိုက်ခဲ့သည်။

ရေဖြူမြို့နယ်တွင်လည်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသလို တော်လှန်ရေး ပူးပေါင်းတပ်များကလည်း စစ်ရေးပြင်ဆင်မှုအသင့်ရှိသည်ဟု စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။