Connect with us

Hi, what are you looking for?

သတင်း

KIA မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ဗန်းမော်နှင့် မံစီတွင် ယနေ့ တိုက်ပွဲပြင်းထန်

ဗန်းမော်နည်းပညာတက္ကသိုလ်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ထွက်ပြေးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

(ဗန်မော်မြို့နည်းပညာတက္ကသိုလ်အား သိမ်းပိုက်ပြီးနောက် တက္ကသိုလ်ရှေ့၌ တွေ့ရသော KIA ရဲဘော်တစ်ဦး။ ဓာတ်ပုံ - Myu Tsaw Kasa/FB)
(ဗန်မော်မြို့နည်းပညာတက္ကသိုလ်အား သိမ်းပိုက်ပြီးနောက် တက္ကသိုလ်ရှေ့၌ တွေ့ရသော KIA ရဲဘော်တစ်ဦး။ ဓာတ်ပုံ - Myu Tsaw Kasa/FB)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဗန်းမော်နှင့် မံစီမြို့ရှိ စစ်ကောင်စီတပ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယနေ့ (ဒီဇင်ဘာ ၂၂ရက်)တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

“ဗန်းမော် ၊ မံစီ တိုက်ပွဲ တော်တော်ပြင်းထန်နေတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့ တိုက်ပွဲ အခြေအနေကို ပြောသည်။

အခြား ကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း ဒီဇင်ဘာ ၂၂ရက် တိုက်ပွဲအခြေအနေကို အသိပေးထားရာ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်များကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ထို့ပြင် ဗန်းမော်မြို့တွင်း ပုန်းခိုနေသည့် စစ်ကောင်စီတပ်များကို လက်ဖြောင့်သေနတ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ အလောင်းများနှင့် လက်နက်များရရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

မံစီမြို့တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ကို ဝန်းရံပိတ်ဆို့ထားရာမှ ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ ဗန်းမော်အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၂၁)က ၁၀၅ မမ လက်နက်ကြီးဖြင့် ပစ်ကူပေးတိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည်။

KIA ပူးပေါင်းတပ်သည် ဗန်းမော်မြို့သိမ်းတိုက်ပွဲနှင့် မံစီမြို့ရှိ လက်ကျန် စစ်ကောင်စီတပ်ရင်းဌာနချုပ် များကို ဒီဇင်ဘာ ၄ရက်က စတင်၍ တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ရာ သုံးပတ်နီးပါးအတွင်း ဗန်းမော်ရှိ စစ်ကောင်စီတပ်စွဲရာနေရာအများအပြားကို သိမ်းပိုက်ရရှိထားသည်။

ဗန်းမော်နည်းပညာတက္ကသိုလ်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ထွက်ပြေးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ အာဏာသိမ်းစစ်တပ် ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

Facebook