Connect with us

Hi, what are you looking for?

သတင်း

KIA နှင့် ပူး​ပေါင်းတပ် ဗန်း​မော်၊ မံစီရှိ စစ်တပ်လက်ကျန်စခန်းများကိုဆက်လက်ထိုးစစ်ဆင်

အခြား သတင်းရင်းမြစ်တစ်ဦးကလည်း ဒီဇင်ဘာ ၁၉ရက်တွင် ဗန်းမော် လေယာဉ်ကွင်းနှင့် ၅ မိုင်နေရာတွင် တိုက်ပွဲဖြစ်ခဲ့ဟုအသိ​ပေးထားသည်။

(စစ်​ရေး​လေ့ကျင့်​နေ​​သော KIA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Myanmar Now)
(စစ်​ရေး​လေ့ကျင့်​နေ​​သော KIA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Myanmar Now)

■စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းနှင့် စစ်သုံ့ပမ်း ရရှိဟု စစ်ရေးသတင်းရင်းမြစ်ပြော

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ပူးပေါင်းတပ်များ၏ ဗန်းမော် ၊မံစီ ​ဒေသတစ်ခုလုံးသိမ်းပိုက်ရန် စစ်တပ်လက်ကျန်စခန်းများကိုဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်​ လျက်ရှိပြီး စစ်ကောင်စီတပ် သေဆုံးမှု၊ စစ်သုံ့ပန်း နှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု ရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ဒီဇင်ဘာ ၄ရက်က စတင်ခဲ့သည့် ဗန်းမော်နှင့် မံစီ ဒေသ တစ်ခုလုံး သိမ်းပိုက်နိုင်ရေး KIA၏ ထိုးစစ်သည် လဝက်ကျော် ကြာသည်အထိ တိုက်ပွဲများ ဆက်ရှိနေပြီး စစ်ကောင်စီက လေကြောင်း ပစ်ကူဖြင့် ခုခံတိုက်ခိုက်​နေသည်။

“ဒီနေ့လည် မံစီ၊ ဗန်းမော် ၃မိုင်နဲ့ ၅မိုင်ပတ်လည် ၊ ဗန်းမော် တက္ကသိုလ် ဘက် တိုက်ပွဲ တော်တော်ပြင်းထန်တယ်။ လေကြောင်း ပစ်ကူ ၅ကြိမ်ရှိတယ်”ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ဒီဇင်ဘာ ၁၉ရက် တိုက်ပွဲ အခြေအနေကို ပြောပြသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရရှိသကဲ့သို့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုလည်းရှိကြောင်း ၎င်းက ​ပြောသည်။ တိုက်ပွဲ အခြေအနေ အသေးစိတ်ကို စစ်ရေးလုံခြုံရေးအတွက် ကချင်စစ်ရေး သတင်းရင်းမြစ်က အသိပေးခြင်းမရှိပေ။

အခြား သတင်းရင်းမြစ်တစ်ဦးကလည်း ဒီဇင်ဘာ ၁၉ရက်တွင် ဗန်းမော် လေယာဉ်ကွင်းနှင့် ၅ မိုင်နေရာတွင် တိုက်ပွဲဖြစ်ခဲ့ဟုအသိ​ပေးထားသည်။

မံစီတွင်လည်း တိုက်ပွဲ ဆက်ရှိနေပြီး စစ်ကောင်စီ အလောင်း ၊ လက်နက် သိမ်းဆည်းရရှိခဲ့သည်ဟု လည်း သတင်းရင်းမြစ်က အသိပေးသည်။

ဗန်းမော်မြို့တွင်း ရှိ စစ်ကောင်စီတပ်များကို ရှာဖွေတိုက်ခိုက်လျက်ရှိပြီး ဗန်းမော် ၄ မိုင်ရှိ စစ်ကောင်စီတပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

KIA အနေဖြင့် ဗန်းမော် တိုက်ပွဲ အခြေအနေနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း တိုက်ပွဲကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှု၊ နေအိမ်မီးလောင်ပျက်စီးမှုနှင့် စစ်ရှောင်နေရသည့် ပြည်သူများ အခက်အခဲများစွာ ကြုံနေရကြောင်း အဖွဲ့ သတင်းပြန်ကြားရေးဌာနက ဖော်ပြထားသည်။

လက်ရှိ စစ်ရေး အခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ယနေ့ ဒီဇင်ဘာ ၂၀ရက်မနက်တွင် ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီနှင့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်( UWSA) ပူးတွဲထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (ဇန်နဝါရီ ၂၃ရက်) နေ့လယ်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သိမ်းပိုက်ထိန်းချုပ်ထားသည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ကို စစ်ကောင်စီက ယမန်နေ့နံနက်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး မြို့ပြန်ရရေး စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်နေကြောင်း အဆိုပါ စစ်မြေပြင်ရှိ ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ဒီပဲယင်းမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို Y-12 လေယာဉ်ဖြင့် ​လေထီးအသုံးပြု၍ ရိက္ခာအထုပ်တစ်ရာနီးပါး လာချခဲ့ရာ ရိက္ခာထုပ်အချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများက ရရှိခဲ့သည်။