Connect with us

Hi, what are you looking for?

သတင်း

KIA မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ဗန်းမော်နှင့် မံစီတွင် ယနေ့ တိုက်ပွဲပြင်းထန်

ဗန်းမော်နည်းပညာတက္ကသိုလ်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ထွက်ပြေးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

(ဗန်မော်မြို့နည်းပညာတက္ကသိုလ်အား သိမ်းပိုက်ပြီးနောက် တက္ကသိုလ်ရှေ့၌ တွေ့ရသော KIA ရဲဘော်တစ်ဦး။ ဓာတ်ပုံ - Myu Tsaw Kasa/FB)
(ဗန်မော်မြို့နည်းပညာတက္ကသိုလ်အား သိမ်းပိုက်ပြီးနောက် တက္ကသိုလ်ရှေ့၌ တွေ့ရသော KIA ရဲဘော်တစ်ဦး။ ဓာတ်ပုံ - Myu Tsaw Kasa/FB)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဗန်းမော်နှင့် မံစီမြို့ရှိ စစ်ကောင်စီတပ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယနေ့ (ဒီဇင်ဘာ ၂၂ရက်)တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

“ဗန်းမော် ၊ မံစီ တိုက်ပွဲ တော်တော်ပြင်းထန်နေတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့ တိုက်ပွဲ အခြေအနေကို ပြောသည်။

အခြား ကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း ဒီဇင်ဘာ ၂၂ရက် တိုက်ပွဲအခြေအနေကို အသိပေးထားရာ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်များကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ထို့ပြင် ဗန်းမော်မြို့တွင်း ပုန်းခိုနေသည့် စစ်ကောင်စီတပ်များကို လက်ဖြောင့်သေနတ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ အလောင်းများနှင့် လက်နက်များရရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

မံစီမြို့တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ကို ဝန်းရံပိတ်ဆို့ထားရာမှ ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ ဗန်းမော်အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၂၁)က ၁၀၅ မမ လက်နက်ကြီးဖြင့် ပစ်ကူပေးတိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည်။

KIA ပူးပေါင်းတပ်သည် ဗန်းမော်မြို့သိမ်းတိုက်ပွဲနှင့် မံစီမြို့ရှိ လက်ကျန် စစ်ကောင်စီတပ်ရင်းဌာနချုပ် များကို ဒီဇင်ဘာ ၄ရက်က စတင်၍ တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ရာ သုံးပတ်နီးပါးအတွင်း ဗန်းမော်ရှိ စစ်ကောင်စီတပ်စွဲရာနေရာအများအပြားကို သိမ်းပိုက်ရရှိထားသည်။

ဗန်းမော်နည်းပညာတက္ကသိုလ်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ထွက်ပြေးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်သုံးခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အဆိုပါ တပ်စခန်းများမှ စစ်ကောင်စီတပ်သားများ ဗန်းမော်မြို့ဘက်သို့ ထွက်ပြေးသွား၍ KIAပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် သံလွင်(စံလွင်) ရွှေမှော်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် (၁)နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၈ဦးသေဆုံးခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

Fact-Check

People’s Spring ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်ပိုင်းမှာ ကချင်အထူး​ဒေသ (၁)ကို စတင်ထိုးစစ်ဆင်ခဲ့ပြီး​နောက်ပိုင်းမှာ စစ်​ကောင်စီ ဝါဒဖြန့် တယ်လီဂရန်​ချန်နယ်လ်တွေကလည်း KIA အ​ပေါ် ထိုးနှက်တဲ့ ဝါဒဖြန့်ချိ မှုကို ပိုလုပ်လာကြပါတယ်။ စစ်တပ်ဝါဒဖြန့်တယ်လီဂရန် ချန်နယ်လ်​တွေက KIA အ​ပေါ် ​ ၂၀၂၄...

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၁၁)၏ ဦးဆောင်မှုနှင့်အတူ မံစီမြို့နှင့် မြို့ရှိ နောက်ဆုံးလက်ကျန် စစ်ကောင်စီ၏ တပ်ရင်းသုံးခအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းမြောက်မြားစွာ သိမ်းပိုက်ရရှိခဲ့သည်ဟု ABSDF ကျောင်းသားတပ်မတော်က ထုတ်ပြန်သည်။

Facebook