Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် သားဖြစ်သူ ကိုထိန်လင်း ထပ်မံတောင်းဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် သားဖြစ်သူ ကိုထိန်လင်း(ခေါ်)ကင်မ်အဲရစ်က ထပ်မံတောင်းဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် သားဖြစ်သူ ကိုထိန်လင်း ထပ်မံတောင်းဆို
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် သားဖြစ်သူ ကိုထိန်လင်း ထပ်မံတောင်းဆို

အီယိုရီ/People’s Spring

အသက် ၇၉နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ဆိုးရွားသောအကျဥ်းထောင်များတွင် ရှိနေပြီး ၎င်း၏ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုများရှိနေချိန်တွင် အဓမ္မဖမ်းဆီးချုပ်နှောင်ထားသော အာဏာသိမ်းစစ်ကောင်စီက ပြန်လွှတ်ပေးရန် ကိုထိန်လင်းက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“မေမေက အားနည်းပြီး ကျန်းမာရေးမကောင်းတာကြောင့် လွှတ်ပေးဖို့အတွက် ကျွန်တော် အခုလိုထပ်ပြီး မေတ္တာရပ်ခံတာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်းက ပြောသည်။ ဆက်လက်ပြီး “မေမေ့အဖေ(ဗိုလ်ချုပ်အောင်ဆန်း)လည်း တိုင်းပြည်လွတ်လပ်ရေးယူပေးရင်း သေဆုံးခဲ့တယ်။ မေမေလည်း ပြည်သူတွေကို အခြေခံလူ့အခွင့်အရေးတွေ ပေးနိုင်ဖို့ သူမဘဝမှာ များစွာပေးဆပ်စွန့်လွှတ်ခဲ့ပြီးဖြစ်ပါတယ်” ဟု ကိုထိန်လင်းက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၂၂ရက်)တွင် ကိုထိန်လင်းသည် ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာမှတဆင့် “နေကောင်းလား မေမေ၊ သား သတိရတယ် မေမေ၊ စိတ်လည်းပူတယ်၊ မေမေအမြန်ဆုံးလွတ်မြောက်ပါစေ၊ မေမေကျန်းမာပါစေ” ဟု မြန်မာလိုပြော၍ သတင်းစကားပါးထား​သောရုပ်သံဖိုင်အတိုကိုတင်ခဲ့သည်။ အသက် ၄၇နှစ်အရွယ် ကိုထိန်လင်း

Public Service Announcement

Public Service Announcement

(ခေါ်) ကင်မ်အဲရစ်သည် ဗြိတိန်နိုင်ငံသားဖြစ်ပြီး အင်္ဂလန်တွင် ကြီးပြင်းသူဖြစ်သည်။ အဆိုပါရုပ်သံဖိုင်မှာ လူမှုကွန်ယက်တွင် ကြည့်ရှုသူ ၊ပြန်လည်မျှ​ဝေသူ အလွန်များပြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ၃ဦးက ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရန် တောင်းဆိုခဲ့ပြီးနောက် သားဖြစ်သူ ကိုထိန်လင်း၏ မေတ္တာရပ်ခံတောင်းဆိုမှု ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။

“မေမေက လာမယ့်နှစ်ဆို အသက် ၈၀ ပြည့်ပါပြီ။ မေမေ့ဘဝ လေးပုံတစ်ပုံက စစ်တပ်ဖမ်းဆီးချုပ်နှောင်မှုအောက်မှာပဲ အချိန်ကုန်ဆုံးခဲ့ရပါတယ်။ မေမေကျန်းကျန်းမာမာနဲ့ ပြန်လည်လွတ်မြောက်လာဖို့ ကျွန်တော်ဆုတောင်းပါတယ်။ မေမေဟာ ကျွန်တော်နဲ့ ကျွန်တော့်အစ်ကိုအတွက် မိခင်တစ်ဦးဖြစ်သလို ကျွန်တော်တို့နိုင်ငံအတွက်လည်း မိခင်ပါပဲ” ဟု ကိုထိန်လင်းက ပြောသည်။

အာဏာသိမ်းစစ်တပ်သည် ဒီမိုကရေစီနည်းကျ၊ ပြည်သူရွေးချယ်တင်မြှောက်ခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားလက်လွတ် ထောင်ဒဏ် ၃၃ ချမှတ်ခဲ့ကာ နောင်ပိုင်းတွင် ထောင်ဒဏ် ၂၇နှစ်ပြောင်းလဲသတ်မှတ်ခဲ့သည်။

ကိုးကား – The Independent

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် (၈၁)နာရီကြာ ရေးဆွဲထားတဲ့ ပုံတူပန်းချီ ၂ ကားကို လေလံအစီအစဉ်ပြုလုပ်ပြီး ရရှိလာတဲ့ ငွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က အသိပေးထားပါတယ်။

သတင်း

လူထု‌ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ အမြန်ဆုံး ပြန်ဆုံတွေ့ပါစေလို့ အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က မနေ့က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ မှာ ဆုတောင်းပေးခဲ့ပါတယ်။