Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့ နောက်ဆုံးလက်ကျန် ခြေလျင်တပ်ရင်းကုန်အား ချင်းညီနောင်အဖွဲ့ ဝင်လုံး

ရဲအရာရှိ ၂ဦးသည် တပ်ကုန်းအတွင်း ဝင်ရောက်ရန် ကြိုးပမ်းစဉ် တပ်ကုန်းကို ဝိုင်းထားသည့် တော်လှန်ရေးရဲဘော်များက ဖမ်းထားခြင်းဖြစ်သည်ဟု ဆိုသည်။

(ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် ဖလမ်းမြို့အဝင်တနေရာ။ ဓာတ်ပုံ - ချင်းညီနောင်)
(ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် ဖလမ်းမြို့အဝင်တနေရာ။ ဓာတ်ပုံ - ချင်းညီနောင်)

▪️စစ်ကောင်စီက လေကြောင်းပစ်ကူပေး ခုခံနေဟုဆို

ဟန်နွေ/People’s Spring

ချင်းညီနောင်က မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင် နေသည့် ဖလမ်းမြို့နောက်ဆုံးလက်ကျန် ခြေလျင်တပ်ရင်းအမှတ် -၂၆၈(ခလရ-၂၆၈) တပ်ကုန်းအား ချင်းညီနောင်ဘက်က သုံးကြိမ် တိုင် ဝင်လုံးပြီး ဆက်လက်ထိုးစစ်ဆင်နေကြောင်း ချင်းညီနောင် သတင်းပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးဖြစ်သည့် မိုင်အိုလီဗီယာက ပြောသည်။

ချင်းညီနောင်က ဒီဇင်ဘာ ၂၁ရက်နှင့် ၂၂ရက် တွင် မင်းတပ်နှင့် ကန်ပက်လက်မြို့ကို သိမ်းပိုက်ပြီးနောက် ယနေ့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာ ဖလမ်းမြို့နယ် စစ်ရေး အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။

(ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် ဖလမ်းမြို့အဝင်တနေရာ။ ဓာတ်ပုံ - ချင်းညီနောင်)
(ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် ဖလမ်းမြို့အဝင်တနေရာ။ ဓာတ်ပုံ – ချင်းညီနောင်)

ဖလမ်းမြို့ စစ်ဆင်ရေးကို နိုဝင်ဘာ ၁၀ရက်၌ဒက စတင်ခဲ့ကြောင်း စစ်ဆင်ရေးစတင်သည့် နေ့ရက်၌ပင် ဖလမ်းမြို့တပ်ကုန်းအတွင်း တော်လှန်ရေး ရဲဘော်များ ဝင်ရောက်နိုင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြန်ဆုတ်ခွာခဲ့ရကြောင်း မိုင်အိုလီဗီယာက ပြောသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁၂ရက်တွင် မြို့နယ်ထွေအုပ်၊ ရဲစခန်းနှင့် ဆောက်လုပ်ရေးရုံးများရှိ စစ်ကောင်စီတပ်များကို သိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။

“အဲဒီမှာ စစ်ကောင်စီဘက်က ၄၃ယောက်ဖမ်းထားတယ်။ သူတို့က အညံ့ခံတာပေ့ါ။ နိုဝင်ဘာ ၁၃ရက်မှာ ကျန်ရှိလွတ်မြောက်နေတဲ့ ရဲအရာရှိ ၂ယောက်ကိုကျမတို့ ထပ်ဖမ်းတယ်။” ဟု မိုင်အိုလီဗီယာက ပြောသည်။

အဆိုပါ ရဲအရာရှိ ၂ဦးသည် တပ်ကုန်းအတွင်း ဝင်ရောက်ရန် ကြိုးပမ်းစဉ် တပ်ကုန်းကို ဝိုင်းထားသည့် တော်လှန်ရေးရဲဘော်များက ဖမ်းထားခြင်းဖြစ်သည်ဟု ဆိုသည်။

နိုဝင်ဘာ ၂၁ရက်တွင် ထပ်မံထိုးစစ်ဆင်ရာ အမြောက်ထားရှိရာ ကုန်းကို ရရှိခဲ့သော်လည်း စစ်ကောင်စီက လေကြောင်း ပစ်ကူလာ၍ ပြန်ဆုတ်ခွာခဲ့ရကြောင်း ရှင်းပြသည်။

ထို့နောက် ဒီဇင်ဘာ ၅ရက်တွင် စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်လာပြီး ပြည်သူ့နေအိမ်များကို မီးရှို့ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များက န်ချေမှုန်း၍ တပ်ကုန်းသို့ ပြန်ဝင်သွားကြောင်း ပြောပြသည်။

ဒီဇင်ဘာ ၁၁ရက်တွင် တပ်ကုန်းကို ပြန်လည်ဝင်ရောက်ရာ စစ်ကောင်စီက လေကြောင်း ပစ်ကူ ပေး ခုခံခဲ့သည်ဟု ဆိုသည်။

” သုံးခါတိတိ တပ်ကုန်းထဲကို ဝင်နိုင်တယ်။ တပ်ကုန်းထဲ ဝင်လုံးနေတဲ့အချိန် မှာ အဲဒီလိုပဲ သူတို့ ဗုံးကြဲတဲ့အထဲ သူတို့လူလည်း ပါတယ်။ အဲဒီမှာ ငိုယိုပြီးတော့ ကိုယ့် လေကြောင်းက ကိုယ့်ကိုယ် ပြန်ဗုံးကြဲတယ် ဆိုတဲ့ အော်သံတွေရော ငိုသံတွေရော အဲဒီလောက်ထိ ရက်စက်တယ် ပေါ့နော် ဒီလူတွေက သူတို့လူသူတို့လည်း ဗုံးပြန်ကြဲတယ် ကျမတို့နဲ့ ရောနေတဲ့အချိန်မှာ”ဟု မိုင်အိုလီဗီယာက ပြောသည်။

ဒီဇင်ဘာ ၁၆ရက်တွင် စစ်ကူလာချသော်လည်း ရဲဘော်များက လိုက်လံချေမှုန်းခဲ့ရာ လက်နက် များ သိမ်းယူနိုင်ခဲ့ကြောင်း အသိပေးသည်။

“ဒီစိုးမိုးကုန်းတချို့ကို ရထားတယ်ဆိုတော့ ကျမတို့က အပြီးထိ ဆက်တိုက်မှာပါ”ဟုလည်း မိုင်အိုလီဗီယာက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်မှာ အကျဉ်းကျခံစေဖို့ စစ်အုပ်စုကကြေညာတာ၊ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးတာတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးလှည့်ကွက်ဖြစ်ပြီး တော်လှန်ရေးကိုဖြိုခွဲဖို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းယောမာန်က သတိပေးပြောကြားလိုက်ပြီးအချိန်မရွေး ပြန်လည်ဖမ်းဆီးတာ လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ် နိုင်တဲ့ စစ်တပ်ဟာ မြန်မာ-အိန္ဒိယ နယ်စပ်မြို့ ဖြစ်တဲ့ နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါတဲ့ ရိဒ်ခေါ်ဒါကို ဆက်လက် ထိုးစစ်ဆင်နိုင်ဖွယ်ရှိကြောင်း ချင်းတော်လှန်ရေးတပ်တွေနဲ့ နီးစပ်တဲ့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းညီနောင်သိမ်းပိုက်ထားတဲ့ မြို့တွေကို ကာကွယ်ဖို့၊ ကျန်နေသေးတဲ့ မြို့တွေကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်ဖို့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ချင်းညီနောင် စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

မေးမြန်းခန်း

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ် ဖလမ်းမြို့ အပါအဝင်ချင်းမြောက်ပိုင်းပြန်ထိန်းချုပ်နိုင်ဖို့ တန်ပြန်ထိုးစစ်ဆင်လျက်ရှိရာ ဖလမ်းအခြေစိုက် ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲ ငါးလနီးပါးကြာမြင့်လာပြီဖြစ်ပါတယ်။