Connect with us

Hi, what are you looking for?

သတင်း

လူသတ်ကားလုပြေးသူများအားလိုက်ဖမ်းရာ ကားထား၍ထွက်ပြေးသွားဟု မုံရွာပလဖ ပြော

ယနေ့(ဒီဇင်ဘာ ၂၆ရက်) နံနက်ပိုင်းက မုံရွာမြို့ပေါ်တနေရာ၌ လက်နက်ကိုင်လူငယ်အချို့ကအမျိုးသမီးကို သေနတ်ဖြင့်ပစ်သတ်ပြီး ကားအား ယူဆောင်သွားခဲ့သည်။

(လုယက်ခံရသောကားအား လမ်းဘေး၌ တွေ့ရစဥ်။ဓာတ်ပုံ-မုံရွာပလဖ)
(လုယက်ခံရသောကားအား လမ်းဘေး၌ တွေ့ရစဥ်။ဓာတ်ပုံ-မုံရွာပလဖ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် လူသတ်ပြီး ကားလုပြေးသူများ လိုက်လံဖမ်းဆီးခဲ့ရာ ကျူးလွန်သူများက ကားထား၍ ထွက်ပြေးသွားသည်ဟု မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၆ရက်) နံနက်ပိုင်းက မုံရွာမြို့ပေါ်တနေရာ၌ လက်နက်ကိုင်လူငယ်အချို့ကအမျိုးသမီးကို သေနတ်ဖြင့်ပစ်သတ်ပြီး ကားအား ယူဆောင်သွားခဲ့သည်။

ထို့ကြောင့် သက်ဆိုင်ရာနယ်မြေခံတော်လှန်ရေး အဖွဲ့များက ကားအား လိုက်လံရှာဖွေခဲ့ကြောင်း၊ လုယက်သူ လူငယ်များက အက်တောရပ်ကွက်လမ်းပေါ်တွင် ကားထား၍ ထွက်ပြေးသွားကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျူးလွန်သူတရားခံများရဲ့ သတင်းအချက်အလက်များကိုရရှိပြီးဖြစ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့စည်းများနဲ့ပူးပေါင်းပြီး အမြန်ဆုံးဖမ်းဆီးသွားမှာဖြစ်ပါတယ်။ ပြည်သူလူထုသိရှိစေဖို့ ပြန်လည်ထုတ်ပြန်ပေးမှာပါ။”ဟု မုံရွာပလအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို​နောက် အဆိုပါကားအနီးသို့ စစ်ကောင်စီတပ်က အိမ်စီးကားများဖြင့်ရောက်လာ၍ ပလဖနှင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှု​ခေတ္တ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုံရွာမြို့၊ ဗိုလ်တေဇလမ်းမြောက်ပိုင်းဘက်(မန်ကျည်းပင်စျေးအနီး)၌ ကားလုယူခံရခြင်းဖြစ်ပြီး ကားပိုင်ရှင်အမျိုးသမီးမှာ သေနတ်ဖြင့် ၄ချက်ပစ်ခတ်ခံရပြီးနောက် သေဆုံးခဲ့ကြောင်း၊လုယက်သူများမှာ လူငယ်အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်များတွင် ရေးသားထားသည်။

၂၀၂၃ သြဂုတ်က မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ အင်းဖြတ်လမ်းရှိ နေအိမ် ဓါးပြတိုက်ခံရပြီး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။

၂၀၂၂ ဒီဇင်ဘာ ၂၀ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ​ရွှေမုံရွာ ရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသား သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

မုံရွာမြို့ပေါ်တွင် အာဏာသိမ်းကာလတလျှောက် ရွှေဆိုင်များ၊အခြားစီးပွားရေးလုပ်ငန်းများ မကြာခဏ ဓါးပြတိုက်ခံနေရပြီး လူသေဆုံးသည့်ဓါးပြမှုများပင် ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကျိုင်းတုံမြို့မှာလူသတ်ဓားပြတိုက်မှုဖြစ်ခဲ့ပြီးတရားခံတွေလွတ်မြောက်နေပါတယ်။

သတင်း

ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်မြို့ကို ချင်းညီနောင်နှင့်မဟာမိတ်များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ရာ အောင်ပွဲရ ရဲဘော်များကို သက်ဆိုင်ရာ ဒေသပြည်သူများက ကြိုဆိုခဲ့ကြသည်။

သတင်း

၂၀၂၂ ဒီဇင်ဘာ ၂၀ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ​ရွှေမုံရွာ ရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားပါ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။