Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ရိုးမအစပ်တွင်တိုက်ပွဲပြင်းထန်နေ

ရခိုင်ရိုးမ အနောက်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် စစ်​ကောင်စီတပ်တို့ကြားတိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများက​ပြောသည်။

အမ်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့​သော AA တပ်ဖွဲ့ဝင်များ
အမ်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့​သော AA တပ်ဖွဲ့ဝင်များ

တာရာ/People’s Spring

ရခိုင်ရိုးမ အနောက်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် စစ်​ကောင်စီတပ်တို့ကြားတိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများက​ပြောသည်။

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြန်လည်ရယူနိုင်ရေးအတွက် စစ်ကောင်စီတပ်က အမြောက်တပ်များချထားကာ စစ်ကြောင်းထိုးတက်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။

အမ်းနှင့် ပဒါန်းလမ်း အနီးဝန်းကျင်ကို Google Earth တွင်​တွေ့ရမှု
အမ်းနှင့် ပဒါန်းလမ်း အနီးဝန်းကျင်ကို Google Earth တွင်​တွေ့ရမှု

ဒီဇင်ဘာ ၂၆ ရက်​နေ့တွင် စစ်ကောင်စီတပ်က အမ်းမြို့နှင့် ၁၂ မိုင်အကွာ အမ်းတောင်ကြားလမ်းအတိုင်း စစ်​ကြောင်းတက်လာရာ AAက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ငဖဲ-ပဒါန်းလမ်းကို အသုံးပြုပြီးတော့ စစ်တပ်က အင်အားထပ်တိုးနေတာလေ။ လက်နက်ကြီးတပ်တွေ ဖြန့်ထားတယ်။ ပဒါန်းနားက ကပစ စက်ရုံကိုတိုက်မှာလည်း‌ စစ်တက်ကကြောက်လို့ တပ်တွေအများကြီးဖြန့်ထားတယ်”ဟု စစ်ရေးအရင်းမြစ်တစ်ဦးကပြောသည်။

ထိုအပြင် အာရက္ခတပ်​တော်က ရခိုင်ရိုးမအစပ်ရှိ ဆင်ခုံတိုင်ရွာကို သိမ်းပိုက်ထားသည်ဟုလည်း ၎င်းကဆက်ပြောသည်။

ပဒါန်းတပ်နယ်တွင် စစ်ကောင်စီ၏ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ အမှတ် (၉၀၅) အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်တို့ တည်ရှိနေရှိနေသည်။

ရခိုင်ပြည်နယ် စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်
ရခိုင်ပြည်နယ် စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်

စစ်ကောင်စီတပ်သည် မင်းဘူးနှင့် ငဖဲမြို့နယ်တို့တွင် တရုတ် ရေနံပိုက်လိုင်းကို အသုံးပြု၍ ပိုက်လိုင်းအတိုင်း အင်အားတိုးမှုများပြုလုပ်နေသည်ဟုလည်း ကာကွယ်ရေးတပ်များထံမှသိရသည်။​တော်လှန်​ရေးတပ်များက မြန်မာ-တရုတ်​ရေနံပိုက်လိုင်း အနီးတွင် တိုက်ပွဲမ​ဖော်​ဆောင်သည့်အတွက် စစ်တပ်က ပိုက်လိုင်းအတိုင်း စစ်​ကြောင်း​ရှေ့တိုးရန်ကြိုးစား​နေခြင်းဖြစ်သည်။

(အမ်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့​သော AA တပ်ဖွဲ့ဝင်များ / ရခိုင်ပြည်နယ် စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ် / အမ်းနှင့် ပဒါန်းလမ်း အနီးဝန်းကျင်ကို Google Earth တွင်​တွေ့ရမှု ။ ဓါတ်ပုံ-AA Info Desk)

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook