Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ရိုးမအစပ်တွင်တိုက်ပွဲပြင်းထန်နေ

ရခိုင်ရိုးမ အနောက်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် စစ်​ကောင်စီတပ်တို့ကြားတိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများက​ပြောသည်။

အမ်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့​သော AA တပ်ဖွဲ့ဝင်များ
အမ်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့​သော AA တပ်ဖွဲ့ဝင်များ

တာရာ/People’s Spring

ရခိုင်ရိုးမ အနောက်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် စစ်​ကောင်စီတပ်တို့ကြားတိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများက​ပြောသည်။

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြန်လည်ရယူနိုင်ရေးအတွက် စစ်ကောင်စီတပ်က အမြောက်တပ်များချထားကာ စစ်ကြောင်းထိုးတက်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။

အမ်းနှင့် ပဒါန်းလမ်း အနီးဝန်းကျင်ကို Google Earth တွင်​တွေ့ရမှု
အမ်းနှင့် ပဒါန်းလမ်း အနီးဝန်းကျင်ကို Google Earth တွင်​တွေ့ရမှု

ဒီဇင်ဘာ ၂၆ ရက်​နေ့တွင် စစ်ကောင်စီတပ်က အမ်းမြို့နှင့် ၁၂ မိုင်အကွာ အမ်းတောင်ကြားလမ်းအတိုင်း စစ်​ကြောင်းတက်လာရာ AAက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ငဖဲ-ပဒါန်းလမ်းကို အသုံးပြုပြီးတော့ စစ်တပ်က အင်အားထပ်တိုးနေတာလေ။ လက်နက်ကြီးတပ်တွေ ဖြန့်ထားတယ်။ ပဒါန်းနားက ကပစ စက်ရုံကိုတိုက်မှာလည်း‌ စစ်တက်ကကြောက်လို့ တပ်တွေအများကြီးဖြန့်ထားတယ်”ဟု စစ်ရေးအရင်းမြစ်တစ်ဦးကပြောသည်။

ထိုအပြင် အာရက္ခတပ်​တော်က ရခိုင်ရိုးမအစပ်ရှိ ဆင်ခုံတိုင်ရွာကို သိမ်းပိုက်ထားသည်ဟုလည်း ၎င်းကဆက်ပြောသည်။

ပဒါန်းတပ်နယ်တွင် စစ်ကောင်စီ၏ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ အမှတ် (၉၀၅) အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်တို့ တည်ရှိနေရှိနေသည်။

ရခိုင်ပြည်နယ် စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်
ရခိုင်ပြည်နယ် စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်

စစ်ကောင်စီတပ်သည် မင်းဘူးနှင့် ငဖဲမြို့နယ်တို့တွင် တရုတ် ရေနံပိုက်လိုင်းကို အသုံးပြု၍ ပိုက်လိုင်းအတိုင်း အင်အားတိုးမှုများပြုလုပ်နေသည်ဟုလည်း ကာကွယ်ရေးတပ်များထံမှသိရသည်။​တော်လှန်​ရေးတပ်များက မြန်မာ-တရုတ်​ရေနံပိုက်လိုင်း အနီးတွင် တိုက်ပွဲမ​ဖော်​ဆောင်သည့်အတွက် စစ်တပ်က ပိုက်လိုင်းအတိုင်း စစ်​ကြောင်း​ရှေ့တိုးရန်ကြိုးစား​နေခြင်းဖြစ်သည်။

(အမ်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့​သော AA တပ်ဖွဲ့ဝင်များ / ရခိုင်ပြည်နယ် စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ် / အမ်းနှင့် ပဒါန်းလမ်း အနီးဝန်းကျင်ကို Google Earth တွင်​တွေ့ရမှု ။ ဓါတ်ပုံ-AA Info Desk)

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ် ပွားပြီး PDF ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဆောင်းပါး

"ကျွန်​တော်တို့အညာကလည်း အချဥ် မဟုတ်ပါဘူးဗျ " နှစ်သစ် ၂၀၂၅မှာ အညာသား PDF တ​ယောက်က ဂုဏ်ယူဝံ့ကြွားစွာ​ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ဂွမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရွှေ‌သောင်ယံမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့များ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ် မကျီးဇင်ကျေးရွာ၌ တိုက်ပွဲဖြစ်ခဲ့ပြီးအချင်းချင်းပြန်လည်းဖမ်းဆီးမှုများဖြစ်ပွားခဲ့သည်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဘက်ထိခိုက်သေဆုံးမှုများရှိပြီး စစ်ရေးတင်းမာလျှက်ရှိကြောင်း တောင်ငူခရိုင်အခြေစိုက် ပုဝါနီစစ်ကြောင်းနှင့် နေပြည်တော် PDF တပ်ရင်း(၉၀၁)တို့ထံမှ သတင်းရရှိသည်။

Facebook