Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမားစ်ရဲ့ ရဲတပ်ဖွဲ့ အကြီးအကဲ သေဆုံး

အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ဟားမားစ် ပြောက်ကျားတွေရဲ့ ရဲတပ်ဖွဲ့ အကြီးအကဲ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ဟားမားစ် ပြောက်ကျားတွေရဲ့ ရဲတပ်ဖွဲ့ အကြီးအကဲ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

မာမွတ်ဆာလား သေဆုံးမှု သတင်းကို အစ္စရေး မီဒီယာတွေရော၊ ပါလက်စတိုင်း သတင်းရင်းမြစ်တွေကပါ အတည်ပြုခဲ့ပါတယ်။

အစ္စရေး မီဒီယာတွေက ဇန်နဝါရီ ၂ ရက်နေ့တုန်းက ဂါဇာကမ်းမြှောင် ဒေသ တောင်ပိုင်းမှာရှိတဲ့ ခန်ယူနစ်မြို့ရဲ့ အယ်မာဝါဆီ ဧရိယာမှာ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့ပြီး ဆာလားနဲ့ သူ့ရဲ့ လက်ထောက် ဟက်ဆမ် ရှာဝမ်တို့ကို သုတ်သင်နိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

အစ္စရေးစစ်တပ် (IDF)ကလည်း လေတပ်ရဲ့ စစ်ဆင်ရေး တစ်ခုအတွင်း ဟားမားစ် ရဲတပ်ဖွဲ့ ခေါင်းဆောင်ပိုင်းတွေကို ရှင်းလင်း သုတ်သင်နိုင်ခဲ့တယ်ဆိုတာ ဇန်နဝါရီ ၂ ရက် ညပိုင်းမှာ သီးခြား အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟားမားစ် ရဲတပ်ဖွဲ့ဟာ ဂါဇာ ကမ်းမြှောင်ဒေသထဲမှာ အရပ်သား ပြည်သူတွေကို ကြမ်းကြုတ်ရက်စက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး လူ့အခွင့်အရေး ချိုးဖောက်တာ၊ အတိုက်အခံ အစုအဖွဲ့တွေအပေါ် ဖိနှိပ်တာတွေ ကျူးလွန်နေတယ်လို့ IDFက စွပ်စွဲထားပါတယ်။

ဟားမားစ် လက်အောက်ခံ ပြည်သူ့ ကူညီကာကွယ်ရေး အဖွဲ့ကတော့ ဂါဇာအနှံ့မှာ အစ္စရေးက တစ်နေ့တည်းနဲ့ လေကြောင်းတိုက်ခိုက်မှု ၁၅ ခုလောက် ပြုလုပ်ခဲ့ပြီး လူပေါင်း ၄၀ ကျော် သေဆုံးခဲ့တယ်လို့ ကြေညာပါတယ်။

ပြီးတော့ ဆာလားဟာ အယ်လ်မာဝါဆီမှာရှိတဲ့ လူသားချင်း စာနာမှု ကာကွယ်ရေးဇုန် တစ်ခုထဲမှာ ရှိနေတဲ့အချိန် အစ္စရေးရဲ့ လုပ်ကြံမှုကို ခံခဲ့ရတယ်လို့ ပါလက်စတိုင်းဖက်က ထုတ်ပြန်ပါတယ်။ အဲဒီ ဧရိယာကို လေကြောင်းကနေ တိုက်ခိုက်မှုမှာ စုစုပေါင်း လူ ၁၁ ယောက်လောက် အသက်ဆုံးရှုံးခဲ့တယ်လို့လည်း ပါလက်စတိုင်းဖက်က ပြောပါတယ်။

ဟားမားစ် ပြည်ထဲရေး ဝန်ကြီးဌာနကတော့ ဆာလားနဲ့ ရှာဝမ်တို့ဟာ သူတို့ရဲ့ လူသားချင်း စာနာမှုနဲ့ အမျိုးသားရေး တာဝန်တွေကို ထမ်းဆောင်နေရင်း အသက်ပေးခဲ့ရကြောင်း၊ အစ္စရေးရဲ့ လုပ်ကြံမှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တုန်းက အစ္စရေး ပိုင်နက်ထဲကို ဟားမားစ်တွေက ကျူးကျော် တိုက်ခိုက်ပြီး အစ္စရေး ၁၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့သလို ၂၅၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ဂါဇာမှာ စစ်ပွဲ စတင်လာခဲ့ပါတယ်။ အဲဒီကာလတလျှောက် အစ္စရေးရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ အရပ်သား အများအပြား အပါအဝင် လူပေါင်း ၄၆၀၀၀ နီးပါး သေဆုံးခဲ့ပြီးဖြစ်ကြောင်း ဟားမားစ် လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

ကိုးကား: Middle East Monitor

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါလက်စတိုင်းအပေါ် အစ္စရေးရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ကာကွယ် ပြောဆိုသွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဆိုပါတယ်။

နိုင်ငံတကာ

ရန်သူတော် ဟားမားစ်တပ်ဖွဲ့ရဲ့ အောက်ခြေအဆင့် စစ်သားတွေကို ခန့်မှန်းရာမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို အသုံးပြုပြီး ဆုံးဖြတ်ခဲ့ကြောင်း စွပ်စွဲချက်တွေကို အစ္စရေးစစ်တပ်က အပြင်းအထန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook