Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြင်းထန်နေ၍ တနင်္သာရီ – မောတောင်လမ်းပိုင်း အသုံးမပြုရန် တားမြစ်

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်နေ၍ တနင်္သာရီ – မောတောင်လမ်းပိုင်းအား အသုံးမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်သည်။

ဆင်းခွန် - မောတောင်စစ်ဆေးရေးဂိတ်အား ထိုင်းနိုင်ငံဘက်ခြမ်းမှ မြင်တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ကဖေး/People’s Spring

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်နေ၍ တနင်္သာရီ – မောတောင်လမ်းပိုင်းအား အသုံးမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်သည်။

တနင်္သာရီ – မောတောင်လမ်းမကြီးတလျှောက် ရေဖြူကျေးရွာမှ သဲဖြူကျေးရွာအထိနှင့် သဲဖြူကျေးရွာမှ မောတောင်နယ်စပ်အထိ မည်သည့် မော်တော်ယာဉ်မျှ ဖြတ်သန်းသွားလာခြင်း မပြုရန် BLACK COBRA COLUMNက ယနေ့ (ဇန်နဝါရီ ၅ရက်) သတိပေးခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်အတွင်း ဒီဇင်ဘာဒုတိယလပတ်မှစတင်ကာ စစ်ကြောင်းထိုးလာပြီးနောက် တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” စစ်ကောင်စီဘက်က အကျအဆုံးများတော့ လေကြောင်းတိုက်ခိုက်မှုတွေရှိလာတယ်။ လက်ရှိအခြေအနေအရ လမ်းပိုင်းလုံခြုံရေး ကောင်းမနေပါဘူး။ ခရီးသည်တင်ကားတွေရောအိမ်စီးကားတွေကိုရော သတိပေးတာပါ”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလလယ်ကလည်း တနင်္သာရီ-မောတောင်ပိုင်းအား သွားလာခွင့် ယာယီကန့်သတ်ထားပြီး တော်လှန်ရေးတပ်ဖွဲ့များက သတိပေးမှုများလုပ်ဆောင်ထားကာ သိန်ခွန်း၊ သဲဖြူ၊ ထုံခါနှင့် အမှတ် (၉) ရွာအပါအဝင် ကျေးရွာ ၁၀ ရွာခန့် စစ်ဘေးရှောင်နေကြရသည်။

စစ်ကောင်စီတပ်စစ်ကြောင်းမှာ မောတောင်မြို့နှင့် ခန့်မှန်းမိုင် ၂၀ကျော် ၃၀နီးပါးဝေးသည့် သိန်းခွန်ရွာ၌ ဆက်ရှိနေပြီး ဒေသခံပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးမှုများရှိနေသည်။

မောတောင်မြို့ရှိ မောတောင်နယ်စပ်ဂိတ်နှင့် ထိုင်းနိုင်ငံ၊ ပရာကျွတ်ခရိုင်၊ ပရာကျွတ်မြို့နယ် ဒန်းဆင်းခွန်ကျေးရွာရှိ ဆင်းခွန်နယ်စပ်ဂိတ်မှာ နှစ်နိုင်ငံကုန်သွယ်ရေး နယ်စပ်ဂိတ်ဖြစ်သည်။ မောတောင်နယ်စပ်ဂိတ်နှင့် တနင်္သာရီမြို့မှ မိုင်(၆၀)ခန့် ကွာဝေးသည်။

ရက်အနည်းငယ်ကြာတွင် ပြန်လည်သွားခွင့်ပြုခဲ့ပြီး ယခုလတ်တလော စစ်ရေးအခြေအနေကြောင့် ပြန်လည်ကန့်သတ်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၄)နယ်မြေအတွင်း ကျေးရွာတခုရှိ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားကျောင်းမှာ ကျမ်းစာသင်တန်းနဲ့ ဂီတသင်တန်းတက်နေတဲ့ ကလေးငယ်များစွာ သေဆုံးထိခိုက်ခဲ့ရာ ဒဏ်ရာရသူတွေဟာ ပြင်းထန်လို့ ထပ်မံသေဆုံးမှုရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီမြို့နယ်က တကူကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ၄ဦး သေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ်အတွင်း တနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် ၆ ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်သားသုံးဦး ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ အလင်းဝင်လာကြောင်း KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။