Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘောဒီးယား အတိုက်အခံ လွှတ်တော်အမတ်ဟောင်း ဘန်ကောက်မှာ လုပ်ကြံခံရ

နိုင်ငံ​ရေးအရလုပ်ကြံမှုဖြစ်ပြီး ကမ္ဘာဒီးယားရဲ့ အစိုးရ အပြောင်းအလဲမှာလည်း အတိုက်အခံတွေအပေါ် ဖိနှိပ်မှုတွေ ဆက်ရှိနေတယ် ဆိုတာကို ထင်ဟပ်စေတယ်လို့ ​သုံးသပ်မှု​တွေရှိ

ပြင်သစ်နိုင်ငံသား ခံယူထားသူ ကမ္ဘောဒီးယား အတိုက်အခံ လွှတ်တော် အမတ်ဟောင်း တစ်ဦးဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ပစ်ခတ်လုပ်ကြံ ခံခဲ့ရပါတယ်။

အသက် ၇၃ နှစ်အရွယ် လင်မ်ကင်မ်ယာဟာ ဇန်နဝါရီ ၇ ရက်နေ့တုန်းက ဘန်ကောက်မှာ မော်တော်ဆိုင်ကယ်စီး သေနတ်သမား တစ်ဦးရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတာလို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

လင်မ်ဟာ အခင်းဖြစ်တဲ့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ဘန်ကောက် မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ဟာ လူသတ်သမားကို အပူတပြင်း စုံစမ်းရှာဖွေနေကြောင်း Bangkok Post သတင်းဌာနက ရေးသားထားခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့က ကမ္ဘောဒီးယား နိုင်ငံသားတစ်ဦး သေဆုံးမှုကို အတည်ပြုခဲ့ပေမယ့် ဘယ်သူဘယ်ဝါဆိုတာ မထုတ်ပြန်ပါဘူး။ ထိုင်းမီဒီယာတွေကတော့ လင်မ်ကို ကမ္ဘောဒီးယား-ပြင်သစ် နှစ်နိုင်ငံသား ခံယူထားသူအဖြစ် ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လင်မ်ဟာ ကမ္ဘောဒီးယားရဲ့ ဆိုင်ယမ်ရီယက်ပ်မြို့ကနေ ဘန်ကောက်ဆီ ပြင်သစ်နိုင်ငံသူ ဇနီးသည်၊ ကမ္ဘောဒီးယား အမျိုးသား တစ်ဦးနဲ့အတူ ဘတ်စ်

ကားစီးပြီး ရောက်ရှိလာတဲ့နောက် ဘန်ကောက်ရဲ့ ခိုဆန်လမ်းနားမှာ လုပ်ကြံ ခံခဲ့ရတာ ဖြစ်ပါတယ်။

ဘန်ကောက်ရဲ့ လူစည်ကားရာ အထင်ကရ နေရာတစ်ခုမှာ ရဲတင်းလှတဲ့ လူသတ်မှု ကျူးလွန်သွားတာဟာ နိုင်ငံရေး လုပ်ကြံမှု တစ်ခုအဖြစ် မြင်သာနေပြီး ကမ္ဘာဒီးယားရဲ့ အစိုးရ အပြောင်းအလဲမှာလည်း အတိုက်အခံတွေအပေါ် ဖိနှိပ်မှုတွေ ဆက်ရှိနေတယ် ဆိုတာကို ထင်ဟပ်စေတယ်လို့ အာရှ လူ့အခွင့်အရေးနဲ့ အလုပ်သမားအရေး ကူညီရေးအဖွဲ့ ဒါရိုက်တာ ဖီးလ်ရောဘတ်ဆန်က ပြောပါတယ်။

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ အနီရောင် Honda Wave 100 မော်တော်ဆိုင်ကယ်၊ လိုင်စင်အမှတ် ၈၄၅ မောင်းနှင်သွားပြီး ဆိုင်ကယ်ဦးထုပ် ဆောင်းထားတဲ့ အမျိုးသား တစ်ဦးကို လူသတ်မှု သံသယ တရားခံအဖြစ် ယူဆထားပါတယ်။ အဲဒီ ဆိုင်ကယ်သမားဟာ နောက်ဖက်မှာ ကျောပိုးလွယ်လာတဲ့ အိတ်ထဲမှာ သေနတ်ကို ဝှက်ယူလာတယ်လို့ ယုံကြည်ရပါတယ်။

အခင်းဖြစ်တဲ့ နေရာဆီ လင်မ်တို့ အရောက်မှာပဲ ဆိုင်ကယ်သမားက သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာလို့ ရဲတွေက ဆိုပါတယ်။ ဆိုင်ကယ်သမားဟာ ပစ်ခတ်မှု အပြီးမှာ ဝတ်ဘိုဝန်နီဝတ် ရဲစခန်းရှေ့ကနေ ဖြတ်မောင်းပြီး ထွက်ပြေးသွားခဲ့ပါတယ်။

လင်မ်ဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်း လက်ထက်တုန်းက အဓိက အတိုက်အခံ နိုင်ငံရေး အင်အားစုအဖြစ် ရပ်တည်ခဲ့တဲ့ ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေးပါတီ (CNRP) အဖွဲ့ဝင် တစ်ဦးဖြစ်ပါတယ်။ အဲဒီပါတီကတော့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ဖျက်သိမ်းတာ ခံခဲ့ရပါတယ်။

ကိုးကာ-Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရဲ့ စျေးဝယ်စင်တာ တစ်ခုမှာ စက်လှေကား အမြင့်ကနေ ပြုတ်ကျပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

Facebook