Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မြို့နယ်ရှိ စစ်ကောင်စီကင်းစခန်းတစ်ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ မူးဂွကျေးရွာအနီးရှိ စစ်ကောင်စီကင်းစခန်းတစ်ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး သုံးဦးခန့် ဒဏ်ရာရရှိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ထုတ်ပြန်သည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ (၂၂၂)တပ်ရင်း သင်တန်းဆင်းပွဲမှ ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - PLA

ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ မူးဂွကျေးရွာအနီးရှိ စစ်ကောင်စီကင်းစခန်းတစ်ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး သုံးဦးခန့် ဒဏ်ရာရရှိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ထုတ်ပြန်သည်။

ဇန်နဝါရီ ၇ရက် ည ၁၁နာရီခန့်တွင် စစ်ကောင်စီတပ်စွဲရာ မူးဂွကျေးရွာအနီးရှိ ကင်းစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ မိနစ်၃၀ခန့်ကြာ မြင့်ခဲ့သည်ဟု ဆိုသည်။

“မူးဂွရွာက ပျူစောထီးတွေ များတယ်။စစ်တပ် အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်တွေ တပ်စွဲလိုက်တဲ့ရွာ ပေါ့။နောက်ပြီး ကန့်ဘလူ ဘက်က ပျူခေါင်းဆောင် ဝါသဝ ညီ တစ်​ယောက်က မူးဂွမှာရှိတယ်။သိရသလောက် စကစတပ်သား ၃၀လောက်တော့ အဲဒီရွာမှာ တပ်စွဲထားတယ်”ဟု တန့်ဆည်မြို့ခံ သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

မူးဂွကျေးရွာတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး သုံးဦး(စိစစ်ဆဲ)ဒဏ်ရာရရှိသည်ဟု PLA က ဖော်ပြသည်။တိုက်ပွဲသတင်းနှင့် ပတ်သက်၍ လူထုနွေဦးက PLA ထံဆက်သွယ်မေးမြန်းဆဲ ဖြစ်သည်။

အဆိုပါစစ်ဆင်ရေးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ Hydra Force၊ တပ်ရင်း (၂၅)၊ တပ်ရင်း(၁၆)နှင့် ပ.က.ဖတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PLAသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့်တပ် MNDAA ၊ တအာင်းတပ်မတော် TNLA နှင့် အာရက္ခတပ်တော် AA နှင့်အတူ ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲမှုခဲ့ပြီး သိန္နီ၊မိုးမိတ်၊သပိတ်ကျင်း နှင့် လားရှိုး မြို့သိမ်းတိုက်ပွဲများတွင် ပါဝင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။