Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မြို့နယ်ရှိ စစ်ကောင်စီကင်းစခန်းတစ်ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ မူးဂွကျေးရွာအနီးရှိ စစ်ကောင်စီကင်းစခန်းတစ်ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး သုံးဦးခန့် ဒဏ်ရာရရှိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ထုတ်ပြန်သည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ (၂၂၂)တပ်ရင်း သင်တန်းဆင်းပွဲမှ ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - PLA

ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ မူးဂွကျေးရွာအနီးရှိ စစ်ကောင်စီကင်းစခန်းတစ်ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး သုံးဦးခန့် ဒဏ်ရာရရှိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ထုတ်ပြန်သည်။

ဇန်နဝါရီ ၇ရက် ည ၁၁နာရီခန့်တွင် စစ်ကောင်စီတပ်စွဲရာ မူးဂွကျေးရွာအနီးရှိ ကင်းစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ မိနစ်၃၀ခန့်ကြာ မြင့်ခဲ့သည်ဟု ဆိုသည်။

“မူးဂွရွာက ပျူစောထီးတွေ များတယ်။စစ်တပ် အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်တွေ တပ်စွဲလိုက်တဲ့ရွာ ပေါ့။နောက်ပြီး ကန့်ဘလူ ဘက်က ပျူခေါင်းဆောင် ဝါသဝ ညီ တစ်​ယောက်က မူးဂွမှာရှိတယ်။သိရသလောက် စကစတပ်သား ၃၀လောက်တော့ အဲဒီရွာမှာ တပ်စွဲထားတယ်”ဟု တန့်ဆည်မြို့ခံ သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

မူးဂွကျေးရွာတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး သုံးဦး(စိစစ်ဆဲ)ဒဏ်ရာရရှိသည်ဟု PLA က ဖော်ပြသည်။တိုက်ပွဲသတင်းနှင့် ပတ်သက်၍ လူထုနွေဦးက PLA ထံဆက်သွယ်မေးမြန်းဆဲ ဖြစ်သည်။

အဆိုပါစစ်ဆင်ရေးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ Hydra Force၊ တပ်ရင်း (၂၅)၊ တပ်ရင်း(၁၆)နှင့် ပ.က.ဖတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PLAသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့်တပ် MNDAA ၊ တအာင်းတပ်မတော် TNLA နှင့် အာရက္ခတပ်တော် AA နှင့်အတူ ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲမှုခဲ့ပြီး သိန္နီ၊မိုးမိတ်၊သပိတ်ကျင်း နှင့် လားရှိုး မြို့သိမ်းတိုက်ပွဲများတွင် ပါဝင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်​အာဏာရှင် ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၁၂)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဆောင်းပါး

အညာဒေသရဲ့ ဆောင်းညနေခင်းတစ်ခုမှာ အသက် ဆယ့်နှစ်နှစ်သာသာ ကောင်လေးနှစ်ယောက် သူတို့ခြေသလုံးလောက်သာမြုပ်တဲ့ရေကန်ထဲဆင်းလာပြီး ရေခပ်နေကြတယ်။ ဆောင်းတွင်းကာလသာ ရှိသေးပေမဲ့ ကန်ထဲမှာတော့ ရေကတော်တော်လေးကို နည်းနေပါပြီ။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်​အာဏာရှင် ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (ဇန်နဝါရီ ၁၁)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက တော်လှန်ရုပ်ရှင်ပြသခြင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၁၀)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။