Connect with us

Hi, what are you looking for?

သတင်း

ကျိုက်မရောရှိ ရဲစခန်းနှစ်ခုအား မွန်ပြည်သစ် ပါတီAD တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရဲစခန်း နှစ်ခုကို မွန်ပြည်သစ်ပါတီ -စစ်အာဏာရှင်တိုက် ဖျက်ရေး(NMSP-AD)တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်ဟု NMSP-ADက ယနေ့(ဇန်နဝါရီ ၁၃ရက်)တွင် သတင်းထုတ်ပြန်သည်။

မွန်ပြည်သစ်ပါတီ -စစ်အာဏာရှင်တိုက် ဖျက်ရေး(NMSP-AD)တပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - NMSP-AD

ဟန်နွေ/People’s Spring

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရဲစခန်း နှစ်ခုကို မွန်ပြည်သစ်ပါတီ -စစ်အာဏာရှင်တိုက် ဖျက်ရေး(NMSP-AD)တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်ဟု NMSP-ADက ယနေ့(ဇန်နဝါရီ ၁၃ရက်)တွင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၂ရက်တွင် ကျိုက်မရောမြို့နယ် တောင်ကလေးရဲစခန်း၊ ဇန်နဝါရီ ၁၀ရက်တွင် ကဒါရွာရဲစခန်း တို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါ ရဲစခန်းများအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၆ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့သည်ဟု NMSP-ADက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကဒါကျေးရွာရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၅ဦး သေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ပြီး တောင်ကလေးရဲစခန်း တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ဟု အသိပေးထားသည်။

လက်ရှိဒေသတွင်း စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းရန် NMSP_AD တာဝန်ရှိသူ ထံ ဆက်သွယ်ထားခြင်းဖြစ်သည်။

NMSP-ADသည် မွန်ပြည်သစ်ပါတီ(NMSP)မှ ခွဲထွက်ပြီး ၂၀၂၄ နှစ်ဆန်းမှစ၍ စစ်ကောင်စီကို တိုက်ခိုက်နေခြင်း ဖြစ်သည်။

ထိုသို့ တိုက်ခိုက်ရာ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် မွန်လက်နက်ကိုင်တပ်များ နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအဝင် ဒေသတွင်းတော်လှန်ရေးတပ်များဖြင့် ပူးပေါင်း၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။