Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းအန္တရာယ်ကြားမှ ဖားကန့်နွံကန် ပြိုကျမှု ဒုတိယမြောက်နေ့ ဆက်လက်ရှာဖွေ

ပထမ​နေ့တွင် က​လေးငယ် ၄ ဦးအပါအဝင် ရုပ်အ​လောင်း ၁၂ ​လောင်းရှာ​ဖွေ​တွေ့ရှိထား

ဖားကန့်နွံကန်ပြိုကျမှုတွင်​သေဆုံးခဲ့သူများ၏ ရုပ်အ​လောင်းများကို လူမှုကူညီ​ရေးအဖွဲ့များက ရှာ​ဖွေကယ်ဆယ်​ရေးပြုလုပ်ပြီး အ​လောင်းတ​လောင်းကိုသယ်ထုတ်လာစဥ်။ဓါတ်ပုံ-CJ

ကဖေး/People’s Spring

ဖားကန့်မြို့နယ် စဘော့ကျေးရွာမှ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နွံကန်ပြိုကျမှုတွင် ဇန်နဝါရီ ၁၃ ရက်နေ့ ညနေပိုင်းအထိ ရုပ်အလောင်း ၁၂လောင်းတွေ့ရှိထားပြီး ယ‌နေ့ (ဇန်နဝါရီ ၁၃)နံနက်ပိုင်းတွင် ဒုတိယမြောက်နေ့ ရှာဖွေကယ်ဆယ်ရေးဆက်လက်ပြုလုပ်နေသည်။

စဘော့ကျေးရွာမှနွံကန်သည့် ဇန်နဝါရီ ၁၃ရက် နံနက် ၁နာရီခန့်တွင် ပြိုကျပြီး ရွာအတွင်းရှိ အိမ်ခြေ ၅၀ကျော် အိမ်ခေါင်မိုး မြုပ်လုနီးပါးအထိ နစ်မြုပ်သွားခဲ့သည်။

“အိပ်မောကျနေချိန် ဆူနာမီလို တိုက်စားသွားတာ။ ရေတောင်မပါဘူး။ နွံတွေကြီးပဲ။ သေဆုံးသူကတော့ များမှာဗျ။ တွေ့တာက ၁၂ လောင်း ရှိပြီ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

နွံကန်ပြိုကျစဉ် ထွက်ပြေးလွတ်မြောက်လာသူအချို့လည်းရှိပြီး သေဆုံးသူသည် အနည်းဆုံး ၁၀၀ကျော်နိုင်ကြောင်း ဒေသခံများကခန့်မှန်းထားသည်။

​ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့များက ဦးဆောင်ရှာ‌ဖွေနေပြီး ဇန်နဝါရီ ၁၃ ရက် ညနေအထိ ကလေးငယ် ရုပ်အလောင်း ၄ လောင်း၊ လူကြီးရုပ်အလောင်း ၈ လောင်း တွေ့ရှိထားသည်။

“ဆက်ဖော်ဖို့ခက်ပေမယ့် ရှာနေကြပါတယ်။ လေကြောင်းရန်လည်း သတိထားရတယ်။ မနေ့ကလိုမျိုးဖြစ်မှာစိုးရိမ်ကြတယ်လေ” ဟု ဒေသခံတဦးကပြောသည်။

နွံကန်ပြိုကျမှုကို ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေစဉ် ဖားကန့်မြို့နယ် ဆန်ခါ နှင့် မဇွပ်ယာန်ရွာအတွင်း ကျောက်စိမ်းတူး‌ဖော်ရေးလုပ်ကွက်များ ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် နွံကန်ပြိုကျမှုရှာဖွေကယ်ဆယ်ရေးများ နာရီအနည်းငယ်ကြာရပ်နားခဲ့ရသည်။ လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူဆယ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ​ဒေသခံအချို့က​ပြောသည်။

စစ်ကောင်စီသည်ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်လာသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း တနိုင်းမြို့နယ်၊ လပူခရွှေမှော်နှင့်စန်လွန်ရွှေမှော်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် ကလေးငယ်အချို့အပါအဝင် ​ဒေသခံပြည်သူ ၁၈ ဦး သေဆုံးခဲ့ကြောင်းကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထုတ်ဖော်ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။