Connect with us

Hi, what are you looking for?

သတင်း

ခမ်းပါတ်နှင့် မော်လူးမြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အရပ်သားငါးဦး သေဆုံး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခမ်းပါတ်မြို့နှင့် အင်းတော်မြို့နယ်၊ မော်လူးမြို့တို့တွင် ယမန်နေ့ညပိုင်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ငါးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ခမ်းပါတ်မြို့ဒေသခံများ၏ နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခမ်းပါတ်မြို့နှင့် အင်းတော်မြို့နယ်၊ မော်လူးမြို့တို့တွင် ယမန်နေ့ညပိုင်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ငါးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ခမ်းပါတ်မြို့ကို ဇန်နဝါရီ ၁၆ရက် ည၈နာရီခွဲခန့်တွင် ဗုံးသုံးလုံးကြဲချပြီး မော်လူးမြို့ကို ည ၁၁နာရီ ၄၅ မိနစ်တွင် ဗုံးကြဲခြင်းဟု ဒေသခံများက ပြောသည်။

” ခမ်းပါတ်မှာက နှစ်ဦးသေဆုံးတယ်။ သုံးဦး ဒဏ်ရာရပါတယ်။ သေဆုံးတာမှာ သုံးနှစ်အရွယ်ကလေးငယ်တစ်ယောက် ပါတယ်။ အပျက်အစီးအရမ်းများတယ်”ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မော်လူးမြို့အား လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံပြည်သူသုံးဦးသေဆုံးခဲ့သည်ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

” ဘာတိုက်ပွဲမှမရှိဘဲနဲ့ လာပစ်သွားတာဗျ။ ပေါင်၅၀၀ ဗုံးကြဲတာ။ သေဆုံးသူတွေနာရေး အားချင်းပဲ လုပ်နေရတယ်”ဟု မော်လူးမြို့ခံတစ်ဦးက ပြောသည်။

ခမ်းပါတ်နှင့် မော်လူးမြို့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်များက တိုက်ခိုက်သိမ်းယူခဲ့ပြီး NUGအစိုးရက ထိန်းချုပ်ထားသည့်မြို့များ ဖြစ်သည်။

စစ်ကောင်စီသည် ဇန်ဝါရီအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း သိန္တီမြို့၊ မန္တလေးတိုင်း မိုးကုတ်နှင့်စဥ့်ကူးမြို့၊ ကချင်ပြည်နယ် ဖားကန့်၊ ဗန်းမော်နှင့် တနိုင်းမြို့၊ ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့တို့ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၆၀ဦးထက်မနည်း သေဆုံးခဲ့သည်။

ယနေ့(ဇန်နဝါရီ ၁၇ရက်) မွန်းလွဲပိုင်းတွင်လည်း စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်းတနေရာကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ သို့သော် ထိခိုက်မှုအခြေအနေကို မသိရှိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။