Connect with us

Hi, what are you looking for?

သတင်း

တာယာနှင့် ကျွတ် အများအပြားထုတ်နိုင်လျှင်စီးပွား​ရေးဖွံ့ဖြိုးနိုင်ဟုအာဏာသိမ်း​ခေါင်း​ဆောင်ဆို

ပြည်တွင်း၌ ဂျုံပြတ်လပ်​နေ၊ လက်ဖက်ရည်ဆိုင်အချို့ အီကြာ​ကွေး၊ ပလာတာ အ​ရောင်းရပ်

အာဏာသိမ်း​ခေါင်း​ဆောင်ကို ဇန်နဝါရီ ၁၇ ရက် စစ်​ကောင်စီအစည်းအ​ဝေးတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ

ရဲခေါင်/People’s Spring

တာယာ နှင့် ကျွတ် အများအပြားထုတ်လုပ်ရန် အားပေးဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုများစွာအထောက်အကူပြုမည်ဟု အာဏာသိမ်း​ခေါင်း​​ဆောင် မင်းအောင်လှိုင်က ပြောသည်။

ဇန်နဝါရီ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်တွင်ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးတွင် ၎င်းကပြောခြင်းဖြစ်သည်။

“MSME လုပ်ငန်းမှာ စက်မှုကုန်ကြမ်းသိီးနှံများဖြစ်တဲ့ ဝါ၊ရော်ဘာ နဲ့ ကော်ဖီ သီးနှံများကို အရည်အသွေးပြည့်မီသည့် ကုန်ချောများဖြစ်အောင် ပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ရော်ဘာနဲ့ပတ်သက်၍ မိမိတို့နိုင်ငံမှာကုန် ကြမ်းများအလုံအလောက်ထွက်ရှိပြီးဖြစ်သ၍ နည်းပညာ နှင့်အရင်းအနှီးကြီးမားစွာဆောင်ရွက်ရန်မလိုသည့် စက်ဘီး၊ဆိုင်ကယ်တို့မှာအသုံးပြုသည့် တာယာနှင့်ကျွတ်များအများအပြားထုတ်လုပ်နိုင်ရန် အားပေးဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက် မှုကိုများစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊သက် ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းနှင့်ပြည်နယ်အနေဖြင့် အရည်အသွေးပြည့်မီသည့် ရာဘာထုတ်ကုန်များထုတ်လုပ်ရေး ဆောင်ရွက်ရန်လိုကြောင်း” အာဏာသိမ်းခေါင်းဆောင်က ဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

ရွေးကောက်ပွဲပြုလုပ်ရန် နှင့် စီးပွားရေး နှင့်သက်ဆိုင်သည်တို့ကို အာဏာသိမ်း​ခေါင်း​ဆောင်က ရှည်လျားစွာ​ပြောဆိုခဲ့သည်ကို တွေ့ရသည်။

ပြည်ပပို့ကုန် ၊သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက “သူ့မှာ (မင်း​အောင်လှိုင်) စီးပွားရေးအမြင်လဲ မရှိသလို စစ်ရေးအမြင်လည်းမရှိဘူး။သိရသလောက် ဦးသန်းရွှေ လက်ထက်ကတောင် အစည်းအဝေးတွေလုပ်ရင် အမြင်တွေ အကြံပြုချက်တွေ ယူတယ်။ဒါပေမယ့် သူ(မင်းအောင် လှိုင်)က သူ့အမြင်တစ်ခုတည်းနဲ့ ဆုံးဖြတ်နေတာ။ဘာလို့ နိုင်ငံ စီးပွားရေးကျနေရလည်းဆိုတဲ့ အကြောင်း တရားမသိသေးသ၍ သူတို့ဆက်လက်ကျရှုံးနေမှာ ဖြစ်သလို စီးပွားရေးလုပ်ငန်းတွေ​ကလည်း မြေဇာပင်ဖြစ်မှာပဲ”ဟုပြောသည်။

စစ်ခေါင်းဆောင်သည် မြစ်ရေတင်စီမံကိန်းများ၊စိုက်ပျိုးရေးအတွက် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ကြောင်း၊မြစ်ရေတင်စီမံကိန်းအတွက်လိုအပ်သည့်လျှပ်စစ်ဓာတ်အားကိုနေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်ကြောင်း လည်း ဆိုခဲ့သည်။

ထို့အပြင် နိုင်ငံတော်မှဆောင်ရွက်သည့် ဆိုလာစီမံ ကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်းလိုအပ်ချက်အလိုက် ဆိုလာစီမံကိန်းများကို ဆောင်ရွက်ရန် စစ်ကောင်စီခေါင်းဆောင်က တိုက်တွန်းခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းလျှပ်စစ်မီးဆိုးရွားစွာပြတ်တောက်မှု၊ကုန်စည်စီးဆင်မှုပြတ်​တောက်မှု၊ အလုပ်အကိုင်ရှားပါးမှု နှင့် ငွေကြေးဖောင်းပွပြီး ကုန်​ဈေးနှုန်းကြီးမှု ၊ ဗဟိုချုပ်ကိုင်မှု ပိုမိုများပြားလာပြီး မူဝါဒများ မတည်ငြိမ် ဘဲ တိုင်းပြည်စီးပွား​ရေးမှာ ပို၍ကြပ်တည်းလာသည်။

စစ်​ကောင်စီက ပြည်ပမှ တင်သွင်းလာ​သော ဂျုံကွန်တိန်နာများကို ဆိပ်ကမ်းမှ ​ပေးမထုတ်၍ ပြည်တွင်း​ဈေးကွက်တွင် ဂျုံ​ဈေးကြီးလာပြီး ပစ္စည်းပြတ်​တောက်လာသည်။ယခင်၁ ပိဿာခုနှစ်ထောင်ကျပ်မှ ကိုးထောကျပ်သို့တက်လာသလို ပစ္စည်း မရှိသ​လောက်ရှားပါးပြတ်လပ်​နေ​ကြောင်း လုပ်ငန်းရှင်တစ်ဦးက​ပြောသည်။

ဂျုံ ပြတ်လပ်​နေမှု​ကြောင့် ခေါက်ဆွဲ၊ ပလာတာ၊ အီကြာ​​ကွေး၊ ကိတ်မုန့်​ စ​သော ဂျုံနှင့် လုပ်​သောမုန့်များ​ဈေးတက်လိမ့်မည်ဟု လုပ်ငန်းရှင်တဦးက​ပြောသည်။

“အရင် လေးနှစ်က ကြက်ဥ ၈၀ (ကျပ်) က အခု ၄၀၀ မကျော်ပါစေနဲ့လို့ ဆုတောင်းနေရတာ။စားသောက်ကုန်းပစ္စည်းဆိုတာလည်း ပြတ်လိုက်၊ပြန်ပေါ်လိုက်။အခု ဂျုံ ဆိုလည်း နှစ်ပတ်လောက်ရှိပြီး ပစ္စည်းပြတ်နေတာ။ ခွဲတမ်းနဲ့ပဲရတော့တယ်။အများဆုံးနှစ်ထုတ်ပဲ။အကြော်စာ(အီကြာကွေး၊ပလာတာ) ဘာမှရောင်းမရတော့ဘူး။ရှေ့လျှောက် ဆိုင်ပိတ်ရဖို့ပဲရှိတယ်”ဟု အင်းစိန် မြို့နယ်မှလဖက်ရည်ဆိုင် ပိုင်ရှင်တစ်ဦးကပြောသည်။

စစ်တပ်အာဏာမသိမ်းခင်က တစ် ဒေါ်လာလျှင် မြန်မာငွေလဲနှုန်း ၁,၃၀၀ ကျပ်နှင့် ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၃ သိန်းကျော်သာ ရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ဒုတိယပတ်တွင် ရွှေဈေးမှာ တစ်ကျပ်သား ၆၅ သိန်းဝန်းကျင် ရှိကာ တစ်ဒေါ်လာငွေလဲနှုန်းသည် အဝယ် ၄,၅၆၀ ကျပ် နှင့် အရောင်း ၄,၆၅၀ ကျပ်ရှိသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီစာကို မဖတ်ခင် မိတ်ဆွေကို တစ်ခုကြိုပြီးအသိပေးထားစရာရှိပါတယ်။ “ဟာ...ဒီလူကတော့ နွားကို ပလာတာ ကျွေးနေပြန်ပြီ”ဆိုတဲ့အတွေး ဒီစာဖတ်နေရင်းပေါ်လာခဲ့မယ်ဆိုရင် ခဏလေးမြိုသိပ်ထားပြီး စာကို ဆုံးအောင်ဖတ် ပေးစေလိုတာပါ။ ကျွန်တော် ဘယ်တော့မှ နွားကို ပလာတာမကျွေးပါ။

ဆောင်းပါး

-သော်မွန်/People’s Spring ပြည်တွင်းနဲ့ နိုင်ငံတကာမှာ မရနိုင်သေးတဲ့ နိုင်ငံတော်သမ္မတတစ်ဦးလို အသိအမှတ်ပြုခံရမှုနဲ့ ကြိုဆိုဂုဏ်ပြုမှုတွေကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်း​အောင်လှိုင်က အိမ်နီးချင်း တရုတ်နိုင်ငံဆီကဇွန်၁၆ ရက်မှာရရှိခဲ့ပါတယ်။တရုတ်ထောက်ခံမှု နဲ့ စစ်အုပ်စုစိတ်တိုင်းကျလုပ်ခဲ့တဲ့​ရွေး​ကောက်ပွဲ ၊စစ်တပ်လွှတ်တော်ကနေ သမ္မတကိုယ်ဘာသာကိုယ်ခန့်တဲ့ မင်းအောင်လှိုင်ကို တရုတ်အစိုးရကတရားဝင်အသိအမှတ်ပြုပေးခဲ့တာလို့ တရုတ်အရေးလေ့လာသူတချို့နဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ သမ္မတအမည်ခံထားတဲ့ မင်းအောင်လှိုင်ရဲ့ပွဲဦးထွက်...

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။