Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်မှာ စစ်တပ်က လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူလေးဦး သေဆုံး

မန္တလေးတိုင်း၊တောင်သာမြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်က စက်တပ်လေထီးတွေနဲ့ ၂ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ လေးဦးသေဆုံးပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးထိမှန်သေဆုံးသွားသော အမျိုးသမီးတစ်ဦးရုပ်အလောင်းနှင့် စစ်ကောင်စီတပ်ကြဲချတိုက်ခိုက်ခဲ့သည့်ဗုံးသီးအပိုင်းအစအချို့ကိုတွေ့ရစဥ်(ဓာတ်ပုံ - လူထူလှုပ်ရှားမှုကော်မတီတောင်သာ)

မေ/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်က စက်တပ်လေထီးတွေနဲ့ ၂ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ လေးဦးသေဆုံးပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၈ရက် မနက်အစောပိုင်းမှာ တောင်သာမြို့နယ်အရှေ့ခြမ်းက ညောင်ကုန်းကျေးရွာကို မိတ္ထီလာကတက်လာတဲ့ စက်တပ်လေထီး နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ကျေးရွာဘုန်းကြီးကျောင်းအနီးကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၇၈)နှစ်အရွယ် ဒေါ်ခင်သန်း၊အသက်(၅၇)နှစ်အရွယ် ဒေါ်ခင်ညွန့်နဲ့ဦးအောင်မြင့်တို့ ထိမှန်သေဆုံးခဲ့ပြီး ညနေပိုင်းမှာ​ ဒေါ်ခင်သန်းရဲ့အမျိုးသားဖြစ်သူ အသက်(၇၇)နှစ်အရွယ်ဦးကြည်လှိုင်ပါ နှလုံးရပ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဗုံးထိမှန်သေဆုံးသွားသော အမျိုးသမီးတစ်ဦးရုပ်အလောင်းနှင့် စစ်ကောင်စီတပ်ကြဲချတိုက်ခိုက်ခဲ့သည့်ဗုံးသီးအပိုင်းအစအချို့ကိုတွေ့ရစဥ်(ဓာတ်ပုံ – လူထူလှုပ်ရှားမှုကော်မတီတောင်သာ)

မနေ့က ဇန်နဝါရိ ၁၉ရက်ကလည်း ဝါးကြီးအိုင်ကျေးရွာနဲ့သန်းတန်းကျေးရွာတို့ကို စက်တပ်ယာဥ်နဲ့ပဲဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ ဇန်နဝါရီ ၂၀ရက် မနက် ၅နာရီခွဲလောက်မှာလည်း ဝါးကြီးအိုင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ​နေအိမ်၂လုံး ပျက်စီးပြီး တိရစ္ဆာန်တွေလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သူတို့က(စကစ)အစောဆုံးလာရင် ည၁၀နာရီပဲ။ကြဲတဲ့အချိန်တွေက ည ၁၀နာရီ၊မနက်၁နာရီနဲ့မနက်အစောပိုင်းတွေမှာ ကြဲတာများတယ်။နေ့ခင်းဘက်တွေ သူတို့အပစ်ခံရမှာကြောက်ပြီးတက်မလာတော့ဘူး “လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တောင်သာမြို့နယ်အတွင်းမှာ စစ်တပ်က စက်တပ်ယာဥ်တွေနဲ့ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်နေပြီး ဇန်နဝါရီ ၁၃ရက်က ခြုံကြီးရွာ၊ ဇန်နဝါရီ ၁၄ရက်က ရုံးစဥ်လေး နဲ့ ဇန်နဝါရီ ၁၅ရက်က သံဘိုရွာတွေကို ဗုံးကြဲတိုက်ခိုက် ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။