Connect with us

Hi, what are you looking for?

LuduNwayOo

News

ထန်တလန်မြို့ မီးရှို့ခဲ့မှုအတွက် စစ်ကောင်စီတပ်ပြုတ်ကျအောင်တိုက်မည်ဟု ဒီးမော့ဆိုPDF ထုတ်ပြန်

ချင်းပြည်နယ် ထန်တလန်မြို့အား အာဏာသိမ်းစစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့် အပြင် ဘုရားကျောင်းနှစ်ကျောင်း နှင့် ပြည်သူ့အိုးအိမ် အနည်းဆုံး ၁၆၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ထန်တလန်မြို့ရှိ ပြည်သူအိုးအိမ်များ မီးရှို့ဖျက်ဆီးမှုအပေါ် အလွန်ပင်စိတ်မကောင်းဖြစ်ရပြီး အကြမ်းဖက်စစ်ကောင်စီကျဆုံးထိတိုင်အောင်တိုက်ထုတ်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)က ယနေ့(အောက်တိုဘာ ၃၀)ညပိုင်းတွင် ထုတ်ပြန်သည်။

“လက်နက် ကိုင်ချင်း ပစ်ခတ်လို့ ထိခိုက်နစ်နာတာမျိုးဆို ဖြေသာတယ်။ဘာမှ မဆိုင်တဲ့ ပြည်သူလူထုရဲ့ အိုးအိမ်စည်းစိမ်ကိုဖျက်ဆီးတာကျ တော့ ဘယ်လိုမှ မဖြေနိုင်ဘူး။လူမဆန်တဲ့လုပ်ရပ်တွေအတွက် ကျွန်တော်တို့ အဆုံးထိ တိုက်မယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမှ တာဝန်ရှိသူက ပြောသည်။

ချင်းပြည်နယ် ထန်တလန်မြို့အား အာဏာသိမ်းစစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့် အပြင် ဘုရားကျောင်းနှစ်ကျောင်း နှင့် ပြည်သူ့အိုးအိမ် အနည်းဆုံး ၁၆၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမှ ထန်တလန်မြို့ရှိ ပြည်သူများနှင့်အတူ ချင်းပြည်နယ်မှ ညီနောင်တိုင်းရင်းသားများနှင့်ထပ်တူ အထူးကြေကွဲရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက် စစ်ကောင်စီ၏ ယခုကဲ့သို့ ပြည်သူ့အိုးအိမ်များဖျက်စီးသည့် လုပ်ရပ်အပေါ် ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း (DMO-PDF)က အသိပေးသည်။

အကြမ်းဖက်စစ်အာဏာရှင် ကျဆုံးစေရေးအတွက် (DMO-PDF)သည် ထန်တလန် CDF နှင့်အတူ ရပ်တည်သွားမည်ဖြစ်ပြီး ထန်တန် ပြည်သူများအတွက် တစ်နိုင်ငံလုံးမှပြည်သူများမှ ဝိုင်းဝန်ကူညီပေးကြရန်လည်း တိုက်တွန်းထားသည်။

ဒီမော့ဆိုးPDFသည် ဒီမော့ဆိုးမြို့နယ်တွင် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ပြီး ဒေသခံပြည်သူများကို ကာကွယ်ပေးနေသောအဖွဲ့ဖြစ်သည်။

ဓာတ်ပုံ – ထန်တလန် CDF

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။