Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်လေယာဉ်ကွင်းနှင့် စရဖရုံးနေရာကိုသိမ်းပိုက် နေရာယူထားဟု KIA ပြော

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး လေယာဉ်ကွင်းနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးအား သိမ်းပိုက်နေရာယူထားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့(ဇန်နဝါရီ ၂၇ရက်) ညပိုင်း၌ ပြောကြားသည်။

ဗန်းမော်လေဆိပ်အား သိမ်းပိုက်ပြီးနောက်တွေ့ရသော KIA ပူးပေါင်းတပ်မှ ရဲဘော်များ။(ဓာတ်ပုံ - ဗန်းမော်လေဆိပ်ရုပ်သံဖိုင်)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး လေယာဉ်ကွင်းနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးအား သိမ်းပိုက်နေရာယူထားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့(ဇန်နဝါရီ ၂၇ရက်) ညပိုင်း၌ ပြောကြားသည်။

KIAအနေဖြင့် ဇန်နဝါရီ ၂၅ရက် ညနေပိုင်းတွင် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁)အနီးရှိ အမှတ်(၆၀၀၇) သံချပ်ကာ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် စကခ -၂၁ အနီးရှိ အမြောက်တပ်၊ လေယာဉ်ကွင်းနေရာများ အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို ဆက်လက်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

https://www.facebook.com/LuduNwayOo/videos/488203887660800

Public Service Announcement

Public Service Announcement

” လေယာဉ်ကွင်းကတော့ KIA တပ်ပေါင်းစုတွေ နေရာယူထားပြီလို့ တော့ ပြောကြတယ်။ ရှေ့တန်းသမားတွေပြောတာပေါ့။ အမြောက်တပ်ကတော့ သိမ်းပိုက်နိုင်ပြီဆိုကျနော် မကြားပါဘူး။ ဒါပေမဲ့အနီးကပ် စောင့်ကြည့်ထားတဲ့ အနေအထားလောက်တော့ရှိလောက်ပါပြီ။ အရင်က စရဖရုံးအဟောင်းတွေပေါ့နော် အဲဒီ စရဖ ရုံးဘက်မှာတော့ သိမ်းပိုက်လို့ရပြီတဲ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောပြသည်။

စစ်ကောင်စီတပ်ကလည်း ယခင်အတိုင်းပင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများ အသုံးပြု တိုက်ခိုက်ခုခံလျက်ရှိသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်မြို့ လေယာဉ်ကွင်း တောင်ဘက် ဟိန်းအောင်ဆီဆိုင်ရှိ စစ်ကောင်စီတပ်စွဲရာနေရာ ၅နေရာ၊ ၂ မိုင်စိုက်ပျိုးရေးခြံရှိ စစ်ကောင်စီ တပ်စွဲရာ ၂နေရာအား သိမ်းပိုက်နိုင်ပြီး လေယာဉ်ကွင်းအနီး စရဖရုံးအား သိမ်းပိုက်ပြီးဖြစ်သည်ဟု လူမှုကွန်ရက်တွင် အသိပေးသည်။

KIAသည် ၂၀၂၄ ဒီဇင်ဘာ ၄ရက်တွင် ဗန်းမော်မြို့နှင့် မံစီမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးကို စတင်ခဲ့ရာ တစ်လခန့်အကြာ ၂၀၂၅ ဇန်နဝါရီ ၈ရက်တွင် မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ် ၃ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် ဗန်းမော်မြို့ရှိ စကခ (၂၁)အပါအဝင် လက်ကျန်တပ်ရင်းဌာနချုပ်များကို ထိုးစစ်ဆင်ခဲ့ရာ ဇန်နဝါရီ ၂၄ရက်တွင် ထိုးစစ်အရှိန်မြှင့်ခဲ့သည်။ ထိုးစစ်အရှိန်မြှင့်ပြီးနောက် စစ်ကောင်စီတပ်ရင်းဌာနချုပ် အချို့ ၊ သံချပ်ကာယာဉ် ၇စီးထက်မနည်း သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

သတင်း

စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား

သတင်း

စစ်တပ် အလောင်း ၄၀ကျော်ရှိပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ပြန်စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဗန်းမော်နဲ့ ရွှေကူမြို့နယ်ကြား မြစ်ကြောင်းတလျှောက်မှာ ကြားဖြတ်တိုက်ခိုက်ရာ စက်တင်ဘာ ၁၄ရက် မနက်မှာ စစ်တပ်သင်္ဘော ၁စီး ထပ်မံတိုက်ခိုက်ခံရပြီး နစ်မြုပ်သွားဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။