Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်လေယာဉ်ကွင်းနှင့် စရဖရုံးနေရာကိုသိမ်းပိုက် နေရာယူထားဟု KIA ပြော

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး လေယာဉ်ကွင်းနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးအား သိမ်းပိုက်နေရာယူထားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့(ဇန်နဝါရီ ၂၇ရက်) ညပိုင်း၌ ပြောကြားသည်။

ဗန်းမော်လေဆိပ်အား သိမ်းပိုက်ပြီးနောက်တွေ့ရသော KIA ပူးပေါင်းတပ်မှ ရဲဘော်များ။(ဓာတ်ပုံ - ဗန်းမော်လေဆိပ်ရုပ်သံဖိုင်)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး လေယာဉ်ကွင်းနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးအား သိမ်းပိုက်နေရာယူထားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့(ဇန်နဝါရီ ၂၇ရက်) ညပိုင်း၌ ပြောကြားသည်။

KIAအနေဖြင့် ဇန်နဝါရီ ၂၅ရက် ညနေပိုင်းတွင် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁)အနီးရှိ အမှတ်(၆၀၀၇) သံချပ်ကာ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် စကခ -၂၁ အနီးရှိ အမြောက်တပ်၊ လေယာဉ်ကွင်းနေရာများ အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို ဆက်လက်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

” လေယာဉ်ကွင်းကတော့ KIA တပ်ပေါင်းစုတွေ နေရာယူထားပြီလို့ တော့ ပြောကြတယ်။ ရှေ့တန်းသမားတွေပြောတာပေါ့။ အမြောက်တပ်ကတော့ သိမ်းပိုက်နိုင်ပြီဆိုကျနော် မကြားပါဘူး။ ဒါပေမဲ့အနီးကပ် စောင့်ကြည့်ထားတဲ့ အနေအထားလောက်တော့ရှိလောက်ပါပြီ။ အရင်က စရဖရုံးအဟောင်းတွေပေါ့နော် အဲဒီ စရဖ ရုံးဘက်မှာတော့ သိမ်းပိုက်လို့ရပြီတဲ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောပြသည်။

စစ်ကောင်စီတပ်ကလည်း ယခင်အတိုင်းပင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများ အသုံးပြု တိုက်ခိုက်ခုခံလျက်ရှိသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်မြို့ လေယာဉ်ကွင်း တောင်ဘက် ဟိန်းအောင်ဆီဆိုင်ရှိ စစ်ကောင်စီတပ်စွဲရာနေရာ ၅နေရာ၊ ၂ မိုင်စိုက်ပျိုးရေးခြံရှိ စစ်ကောင်စီ တပ်စွဲရာ ၂နေရာအား သိမ်းပိုက်နိုင်ပြီး လေယာဉ်ကွင်းအနီး စရဖရုံးအား သိမ်းပိုက်ပြီးဖြစ်သည်ဟု လူမှုကွန်ရက်တွင် အသိပေးသည်။

KIAသည် ၂၀၂၄ ဒီဇင်ဘာ ၄ရက်တွင် ဗန်းမော်မြို့နှင့် မံစီမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးကို စတင်ခဲ့ရာ တစ်လခန့်အကြာ ၂၀၂၅ ဇန်နဝါရီ ၈ရက်တွင် မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ် ၃ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် ဗန်းမော်မြို့ရှိ စကခ (၂၁)အပါအဝင် လက်ကျန်တပ်ရင်းဌာနချုပ်များကို ထိုးစစ်ဆင်ခဲ့ရာ ဇန်နဝါရီ ၂၄ရက်တွင် ထိုးစစ်အရှိန်မြှင့်ခဲ့သည်။ ထိုးစစ်အရှိန်မြှင့်ပြီးနောက် စစ်ကောင်စီတပ်ရင်းဌာနချုပ် အချို့ ၊ သံချပ်ကာယာဉ် ၇စီးထက်မနည်း သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဖေဖော်ဝါရီ ၁၀ ရက်တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဖမ်းမိထားသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

သတင်း

မြစ်ဆုံအနီးကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ လူသေဆုံးမှုရှိ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင်ဖေ​ဖော်ဝါရီ ၃ ရက်​​နေ့၌ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့အခြေစိုက်စစ်ကောင်စီ အမြောက်တပ်အပါအဝင် တပ်ရင်း ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ကယနေ့ (​ဖေ​ဖော်ဝါရီ ၂ရက်)ညနေပိုင်း၌ သိမ်းပိုက်နိုင်ခဲ့ကြောင်းကချင်စစ်​ရေးသတင်းရင်းမြစ် အချို့က အသိပေးသည်။