Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သမ္မတဟောင်း အာဆတ်ကို လက်လွှဲပေးဖို့ ဆီးရီးယား တောင်းဆိုထားကြောင်း သတင်းတွေအပေါ် ရုရှား နှုတ်ဆိတ်နေ

သမ္မတဟောင်း ဘာရှာ အယ်လ်အာဆတ်ကို လက်လွှဲပေးဖို့ ဆီးရီးယားဖက်က တောင်းဆိုထားကြောင်း သတင်းတွေအပေါ် ရုရှားက နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

သမ္မတဟောင်း ဘာရှာ အယ်လ်အာဆတ်ကို လက်လွှဲပေးဖို့ ဆီးရီးယားဖက်က တောင်းဆိုထားကြောင်း သတင်းတွေအပေါ် ရုရှားက နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

၂၀၂၄ နှစ်ကုန်ပိုင်းက တော်လှန်ရေး အင်အားစုတွေရဲ့ အငိုက်ဖမ်း ထိုးစစ်ဆင်မှုဟာ အကြီးအကျယ် အောင်မြင်ခဲ့တဲ့နောက် ဆီးရီးယားကို အာဏာရှင်ဆန်ဆန် အုပ်စိုးနေခဲ့တဲ့ သမ္မတ အာဆတ်ဟာ နိုင်ငံကနေ ထွက်ပြေးခဲ့ရပြီး မဟာမိတ် ရုရှားဆီမှာ သွားရောက် ခိုလှုံနေရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဆီးရီးယားမှာ တော်လှန်ရေး အစိုးရ တက်လာခဲ့သလို ဆီးရီးယား ပိုင်နက်ထဲမှာ စစ်အခြေစိုက် စခန်းတွေ ဆက်လက် ထားရှိချင်တဲ့ ရုရှားနဲ့ တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးမှုတွေ အစပြုလာခဲ့ပါတယ်။ ရုရှားဟာ ၁၃ နှစ်လောက် ကြာမြင့်ခဲ့တဲ့ ဆီးရီးယား ပြည်တွင်းစစ်မှာ အာဆတ်ရဲ့ အမာခံ မဟာမိတ်အဖြစ် ရပ်တည်ခဲ့ပြီး အဲဒီအတွက် ဆီးရီးယားမှာ အရေးပါတဲ့ စစ်စခန်းကြီး နှစ်ခုကို ရုရှားက အခြေစိုက်ထားနိုင်ခဲ့ပါတယ်။

လက်ရှိ ဆီးရီးယား တော်လှန်ရေး အစိုးရသစ်က ရုရှားအနေနဲ့ အဲဒီ စခန်းတွေကို ဆက်လက် ဖြန့်ကျက်ထားချင်တယ်ဆိုရင် အပြန်အလှန် အနေနဲ့ အာဆတ်ကို လက်လွှဲပေးဖို့ တောင်းဆိုထားကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။

Public Service Announcement

Public Service Announcement

ရုရှား အစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်က အဲဒီသတင်းတွေနဲ့ ပတ်သက်လို့ ဇန်နဝါရီ ၂၉ ရက်နေ့တုန်းက ဂျာနယ်လစ်တွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားခြင်း မရှိခဲ့ပါဘူး။ အဲဒီ မတိုင်ခင် အခုသီတင်းပတ် အစောပိုင်းတုန်းက ရုရှားအစိုးရ စေလွှတ်တဲ့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တစ်ခုဟာ ဆီးရီးယားမှာ တော်လှန်ရေး အစိုးရ ခေါင်းဆောင် အာမက် အယ်လ်ရှာရားနဲ့ သွားရောက် ဆွေးနွေးခဲ့ပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ အဲဒီ ကိုယ်စားလှယ် အဖွဲ့ကို သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကရေးရာ အထူးကိုယ်စားလှယ်ဖြစ်သူ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ်ခေးလ် ဘော့ဂ်ဒါနော့ဗ်က ဦးဆောင်ခဲ့ပြီး ဆီးရီးယား အာဏာပိုင်တွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း၊ ရုရှားဟာ ဆီးရီးယားမှာ အခြေစိုက်တဲ့ တာတူစ် ရေတပ်စခန်းနဲ့ မိမ်မင်း လေတပ်စခန်းတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်ကြောင်း ပါရှိခဲ့ပါတယ်။

အတည်မပြုနိုင်ပေမယ့် ဆီးရီးယားဖက်က အဲဒီတန်ကြေးအဖြစ် အာဆတ်ကို တောင်းဆိုထားတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တာပါ။ ဆီးရီးယား တော်လှန်ရေး အစိုးရက ရုရှားအနေနဲ့ ယုံကြည်မှု ပြန်လည် တည်ဆောက်ဖို့အတွက် နစ်နာကြေး ပေးချေတာ၊ စစ်အပြီး ပြန်လည် တည်ဆောက်မှုတွေ၊ ပြန်လည်ထူထောင်ရေးတွေမှာ ထဲထဲဝင်ဝင် ကူညီတာမျိုး အပြုအမူကောင်းတွေ ပြသဖို့ တောင်းဆိုခဲ့ကြောင်း ဆီးရီးယား အခြေစိုက် ဆာနား သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook